Covid 19 myanmar
ကိုဗစ်လူနာတွေ သတိကြီးကြီးထားရမယ့် အသံတိတ်ဇီဝိန်ခြွေ ကိုဗစ်လက္ခဏာတစ်ခု
ယူနီကုဒ်ဖြင့်ဖတ်ရန်
Honeymoon Hypoxia တဲ့။ ပြောရရင် အောက်ဆီဂျင် အရမ်းကျနေတာ (hypoxia) ကို monitor မှာ ပြနေတယ်။ သို့ပေသိ လူနာမှာ အောက်ဆီဂျင်ပြတ်လတ်တဲ့ လက္ခဏာတစ်ခုမှ မပြဘူး (ဥပမာ – မောတာ)။ ဆိုတော့ကာ လူနာက ဘာလက္ခဏာမှ
မခံစားရဘူး (ဒါဟာ ကိုဗစ်ကြောင့်ပါ)။ မခံစားရတော့ နေသာသလိုနေတယ်။ ပြောစကား နားမထောင်ဘူး။ ဦးလေးရေ/အဒေါ်ရေ ဒီမှာတော့ အောက်ဆီဂျင် ကျနေပါတယ်။ ကျေးဇူးပြုပြီး မှောက်ရက်နေပေးပါ။ နည်းနည်းလေးမှ မလှုပ်ပါနဲ့။ အိမ်မြန်မြန်
ပြန်ချင်ရင် အောက်ဆီဂျင်ကို အားစိုက်ရှုပေးပါ။ တစ်ခုခုလုပ်ချင်ရင် အထဲမှာရှိတဲ့ ဆရာတွေ၊ ဆရာမတွေ၊ ဗိုလံတီယာတွေကိုပြောပါ ကူညီပေးပါလိမ့်မယ်။ ကျေးဇူးပြုပြီး အောက်ဆီဂျင်ကိုသာ အားစိုက်ပြီးရှုပေးပါ။ အာပေါက်မတတ်ပြောတယ်။ လိပ်ခေါင်း
ထွက်မတတ်ပြောတယ်။ သို့ပေသိ honeymoon hypoxia – happy hypoxia လို့ခေါ်တဲ့ အောက်ဆီဂျင်ပြတ်လပ်တဲ့ လက္ခဏာကို လူနာကမခံစားရတော့ ဟောရင်းသာ ပျံလွန်တော်မူသွားမယ်။ လူနာတွေက စကားနားမထောင်။ ကိုယ့်သဘောနဲ့ကိုယ်
အောက်ဆီဂျင် အကူအညီမပါပဲ အိမ်သာထသွားတော့ လူနာက အိမ်သာသွားတဲ့လမ်းမှာတင် ကိစ္စပြတ်သွားတယ်။ စိတ်ဓာတ်တွေက ကျပြီးရင်းကျပဲ။ အပြင်ပန်းကကြည့်ရင်တော့ လူကပင်ပန်းတဲ့ပုံမပေါ်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ တော်တော်များများက
ထိခိုက်နေကြပါပြီ။ ခုဆိုရင် လက်သန်းမှာ မှင်စွန်းရာလေးတွေနဲ့ ပေါ့စတစ်လူနာတွေလည်း တွေ့လာနေရပါပြီ။ ဗိုလံတီယာတွေ၊ ဆရာ/ဆရာမတွေ တော်တော်များများလည်း သိပ်ပြီး တောင့်ခံနိုင်တော့မယ် မထင်ပါဘူး မြန်မြန် ပြီးစေချင်ပါပြီ။