Covid 19 myanmar

နိုဝင်ဘာလ(၂၁)ရက်ကနေဒီဇင်ဘာ(၅)ရက်ထိ(၁၅)ရက်တိတိပြည်သူများ Stay Homeနေထိုင်ရန်အစိုးရမှပန်ကြား ‌

ဒီကနေ့ နိုဝင်ဘာလ (၁၇)ရက်နေ့ ၊မနက်ပိုင်းကနေပြည်တော်မှာCoronavirus Disease 2019 (COVID – 19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးကို ကော်မတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများနှင့်အတူဗဟိုကော်မတီအတွင်းရေးမှူးများပါဝင်ပြီအစည်းအဝေးပြုလုပ်ကြရာမှာ ကိုဗစ်ဆိုင်ရာလုပ်ဆောင်ချက်များဆွေးနွေးမှုများတွင် နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေး ဆိုတဲ့ကိစ္စပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာဘဲ ကိုဗစ် ကာကွယ်၊ထိန်းချုပ်၊ကုသရေးကိစ္စများ၊ပိုးကင်းစင်သူများဆေးရုံစောစောဆင်းပေးရေး၊စိုးရိမ်ရသည့်လူနာများကိုလူနာစောင့်တစ်ဦးစောင့်ခွင့်ပြုရေး၊Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ဘုရားစေတီများစည်းကမ်းချက်များနှင့်အညီဖူးမျှော်ရေးကနဦးမော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင် ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များအား

ကိုဗစ် – ၁၉ ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေကြီးပြည်နယ်များသို့ခရီးသွားရန်အကြောင်းကိစ္စပေါ်ပေါက်ပါက

သက် ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိ ကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီကျန်းမာရေး စစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကိုမပြုစေတော့ဘဲသွားလာခွင့်ပြုရေး စတဲ့အချက်တွေလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

Facebook Comments