နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရာ ယာယီဆေးရုံ၊ အမျိုးသမီး ရေချိုးခန်း သန့်စင်ခန်းရှေ့တွင် လှန်းထားသော ရေလဲ ထမိန် ၂ ထည်ကို အမျိုးသမီးနှစ်ဦး လာရောက် ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း CCTV မှတ်တမ်းများအရသိရသည်။
ခိုးယူသွားသူများသည် Mask တပ်ထားသော်လည်း ၄င်းတို့ခိုးယူခဲ့သော ထမိန်များသည် ပိုးတွေ့လူနာများ၏ ထမိန်များ ဖြစ်သောကြောင့် နီးစပ်ရာ Quarantine စင်တာများသို့ အမြန်ဆုံးသွားရောက်ကြရန် တာဝန်ရှိသူများက ပန်ကြားထားပါသည်။
မရှိလို့ခိုးပါတယ်ဆိုမှ ကိုဗစ်နဲ့တိုးနေတဲ့ သူခိုးဘ၀ ကံဆိုးလှပါလား…ခုတော့ ဒီတိုင်းနေလည်း မရ ၊ Q လာ၀င်ရင်လည်း သူခိုးမှန်းလူသိဦးမယ်၊ ကံဆိုးရင် ကိုဗစ်က ကူးဦးမယ်..ဒုက္ခအိုးကြီးကိုမှ သွားပြီး ရိုက်ခွဲမိတာပဲ
Photo – Ye Myint Thu
#WeMedia #အိမ္မဲ
@Nanyu