ဗဟုသုတ

☑️ ဘဝတစ်သက်တာ ဆုံးမစာ ☑️

☑️ ဘဝတစ်သက်တာ ဆုံးမစာ ☑️

အဆင်းလှတိုင်း မခင်ကြနဲ့။

အတင်းမတိုင်း ဘဝင်မကျနဲ့။

အပြောချိုတိုင်း ပျိုမကြိုက်နဲ့။

အရောပိုတိုင်း အလိုမလိုက်နဲ့။

ဝါဝါမြင်တိုင်း ရွှေအစစ် မထင်နဲ့။

လာလာခင်တိုင်း မေအချစ် မဝင်နဲ့။

အလိုလိုက်တိုင်း ကမ်းမတက်နဲ့။

အပျိုကြိုက်တမ်း အငမ်းမဖက်နဲ့။

မရင်းနှီးဘဲ မခေါ်မထူးနဲ့။

အတင်းကြီးလဲ အပျော်မကြူးနဲ့။

ကိုယ်ပိုင်မရှိဘဲ မကြွားချင်နဲ့။

နဂိုစတိုင်မရှိဘဲ အငှားမပြင်နဲ့။

ပလီပလာလည်း မချွဲပြနဲ့။

ကလီကမာလည်း မကဲကြနဲ့။

အလိုက်မသိလည်း မချေးငှားနဲ့။

စရိုက်မသိဘဲ မပေးစားနဲ့။

အသစ်ဆိုတိုင်း မသုံးဘူးချင်နဲ့။

အချစ်ပိုတိုင်း မမုန်းဘူး မထင်နဲ့။

မကြိုးစားဘဲ အချောင်မနှိုက်နဲ့။

အကျိုးမများဘဲ မလှောင်လိုက်နဲ့။

သိက္ခာဖျက်ပြီး ရိက္ခာမမက်နဲ့။

ရိပ်သာထွက်ပြီး အဝိဇ္ဇာ မတက်နဲ့။

ရှိတိုင်းလည်း အကြွားမပိုနဲ့။

သိတိုင်းလည်း စကားမဆိုနဲ့။

မလိုအပ်ဘဲ မဖြုန်းတီးနဲ့။

အပိုမကပ်ဘဲ အသုံးမကြီးနဲ့။

အဆံမရှိဘဲ သူများ မကျောနဲ့။

အမှန်မသိဘဲ မုသား မပြောနဲ့။

သတင်းစကားတိုင်း မယုံလေနဲ့။

အတင်းကားတိုင်း မဖြုံလေနဲ့။

မြှောက်တိုင်းလည်း မမြောက်နဲ့။

ခြောက်တိုင်းလည်း မကြောက်နဲ့။

ဝ မရှိဘဲ ဝိမလုပ်ကြနဲ့။

ဇ မရှိဘဲ မထိခလုပ် မစနဲ့။

အကြောင်း မသိဘဲ မသုံးသပ်နဲ့။

ပေါင်းမကြည့်ဘဲ မဆုံးဖြတ်နဲ့။

ကိုယ်ချင်းမစာဘဲ မပြောလေနဲ့။

လိုရင်းမပါဘဲ အကြော မရှည်နဲ့။

မဟုတ်သတင်းလည်း မဖွနဲ့။

ကုတ်ကမြင်းလည်း မထနဲ့။

“ငါ”မသတ်ဘဲ သူမြတ်မလုပ်နဲ့။

“စာ”မဖတ်ဘဲ လူတတ်မလုပ်နဲ့။

အများပြောတိုင်း အဟုတ်မမှတ်နဲ့။

တရားဟောတိုင်း မပုတ်ခတ်နဲ့

အပြင်ပန်းကြည့်ကာ ထင်ကြေးပေး မစောနဲ့။

ခင်မှန်းသိကာ အခွင့်အရေးပေး မပြောနဲ့။

မကြံသာ သာကူးလည်း မကူးကြနဲ့။

မတန်ရာ ရာထူးလည်း အရူးမထနဲ့။

အလုပ်မလုပ် ဗရုတ်နေကာ ပွားပေါက်မခြူနဲ့။

မလုပ်မရှုပ် မပြုတ်နေရာ သွားကောက်မယူနဲ့။

ဘေးအမြင်မကြည့်ဘဲ ငါတကော မကောနဲ့။

အတွေးအမြင် မရှိဘဲ ဗလာပြော မပြောနဲ့။

ငါအထင် အယူသည်းကာ ခေါင်းမဆောင် ကြနဲ့။

တာဝန်ယူပြီးကာ ခေါင်းမရှောင်ကြနဲ့။

လိုက်နာလျှင် အကျိုး မလိုက်နာလျှင် အပြစ်။

ရှောင်နိုင်လျှင် လူတော် မရှောင်နိုင်လျှင် လူသရော်။

လူပေါ်လူဇော် လုပ်လိုသူများအတွက်အဘက်ဘက်က အရည်အချင်းပြည့်စေရန်ကာရံညီ ဆုံးမစကားလေးတွေခပ်ပါးပါး ရေးပေးလိုက်ပါတယ်။

ဒေါက်တာ အရှင်ကုမုဒ(ဗောဓိတထောင်)

လန်ဒန် အင်္ဂလန်

ထူးချွန်ထက်မြက်ရေး စာစုများ

မေတ္တာဖြင့်မျှဝေသူ

#သွန်းဆက်ချို

စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာ

ခြင်းနဲ့ပြည့်စုံပါစေ. ???

Credit. To. Original Writer

Unicode

☑️ ဘဝတစ်သက်တာ ဆုံးမစာ ☑️

————————————————

အဆင်းလှတိုင်း မခင်ကြနဲ့။

အတင်းမတိုင်း ဘဝင်မကျနဲ့။

အပြောချိုတိုင်း ပျိုမကြိုက်နဲ့။

အရောပိုတိုင်း အလိုမလိုက်နဲ့။

ဝါဝါမြင်တိုင်း ရွှေအစစ် မထင်နဲ့။

လာလာခင်တိုင်း မေအချစ် မဝင်နဲ့။

အလိုလိုက်တိုင်း ကမ်းမတက်နဲ့။

အပျိုကြိုက်တမ်း အငမ်းမဖက်နဲ့။

မရင်းနှီးဘဲ မခေါ်မထူးနဲ့။

အတင်းကြီးလဲ အပျော်မကြူးနဲ့။

ကိုယ်ပိုင်မရှိဘဲ မကြွားချင်နဲ့။

နဂိုစတိုင်မရှိဘဲ အငှားမပြင်နဲ့။

ပလီပလာလည်း မချွဲပြနဲ့။

ကလီကမာလည်း မကဲကြနဲ့။

အလိုက်မသိလည်း မချေးငှားနဲ့။

စရိုက်မသိဘဲ မပေးစားနဲ့။

အသစ်ဆိုတိုင်း မသုံးဘူးချင်နဲ့။

အချစ်ပိုတိုင်း မမုန်းဘူး မထင်နဲ့။

မကြိုးစားဘဲ အချောင်မနှိုက်နဲ့။

အကျိုးမများဘဲ မလှောင်လိုက်နဲ့။

သိက္ခာဖျက်ပြီး ရိက္ခာမမက်နဲ့။

ရိပ်သာထွက်ပြီး အဝိဇ္ဇာ မတက်နဲ့။

ရှိတိုင်းလည်း အကြွားမပိုနဲ့။

သိတိုင်းလည်း စကားမဆိုနဲ့။

မလိုအပ်ဘဲ မဖြုန်းတီးနဲ့။

အပိုမကပ်ဘဲ အသုံးမကြီးနဲ့။

အဆံမရှိဘဲ သူများ မကျောနဲ့။

အမှန်မသိဘဲ မုသား မပြောနဲ့။

သတင်းစကားတိုင်း မယုံလေနဲ့။

အတင်းကားတိုင်း မဖြုံလေနဲ့။

မြှောက်တိုင်းလည်း မမြောက်နဲ့။

ခြောက်တိုင်းလည်း မကြောက်နဲ့။

ဝ မရှိဘဲ ဝိမလုပ်ကြနဲ့။

ဇ မရှိဘဲ မထိခလုပ် မစနဲ့။

အကြောင်း မသိဘဲ မသုံးသပ်နဲ့။

ပေါင်းမကြည့်ဘဲ မဆုံးဖြတ်နဲ့။

ကိုယ်ချင်းမစာဘဲ မပြောလေနဲ့။

လိုရင်းမပါဘဲ အကြော မရှည်နဲ့။

မဟုတ်သတင်းလည်း မဖွနဲ့။

ကုတ်ကမြင်းလည်း မထနဲ့။

“ငါ”မသတ်ဘဲ သူမြတ်မလုပ်နဲ့။

“စာ”မဖတ်ဘဲ လူတတ်မလုပ်နဲ့။

အများပြောတိုင်း အဟုတ်မမှတ်နဲ့။

တရားဟောတိုင်း မပုတ်ခတ်နဲ့။

အပြင်ပန်းကြည့်ကာ ထင်ကြေးပေး မစောနဲ့။

ခင်မှန်းသိကာ အခွင့်အရေးပေး မပြောနဲ့။

မကြံသာ သာကူးလည်း မကူးကြနဲ့။

မတန်ရာ ရာထူးလည်း အရူးမထနဲ့။

အလုပ်မလုပ် ဗရုတ်နေကာ ပွားပေါက်မခြူနဲ့။

မလုပ်မရှုပ် မပြုတ်နေရာ သွားကောက်မယူနဲ့။

ဘေးအမြင်မကြည့်ဘဲ ငါတကော မကောနဲ့။

အတွေးအမြင် မရှိဘဲ ဗလာပြော မပြောနဲ့။

ငါအထင် အယူသည်းကာ ခေါင်းမဆောင် ကြနဲ့။

တာဝန်ယူပြီးကာ ခေါင်းမရှောင်ကြနဲ့။

လိုက်နာလျှင် အကျိုး မလိုက်နာလျှင် အပြစ်။

ရှောင်နိုင်လျှင် လူတော် မရှောင်နိုင်လျှင် လူသရော်။

လူပေါ်လူဇော် လုပ်လိုသူများအတွက်အဘက်ဘက်က အရည်အချင်းပြည့်စေရန်ကာရံညီ ဆုံးမစကားလေးတွေခပ်ပါးပါး ရေးပေးလိုက်ပါတယ်။

ဒေါက်တာ အရှင်ကုမုဒ(ဗောဓိတထောင်)

လန်ဒန် အင်္ဂလန်

ထူးချွန်ထက်မြက်ရေး စာစုများ

မေတ္တာဖြင့်မျှဝေသူ

#သွန်းဆက်ချို

စာဖတ်သူအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာ

ခြင်းနဲ့ပြည့်စုံပါစေ. ???

Credit. To. Original Writer