News

ပရိသတ်တွေကို မေတ္တာတုံ့ပြန်တဲ့အနေနဲ့ ဖိုးချစ်သဘင် သုံးလအခမဲ့ ကြည့်ရှုခွင့် ပေးသွားမယ့် ဖိုးချစ်

မြန်မာ့သဘင်လောကရဲ့ ထိပ်တန်းသဘင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖိုးချစ်ကတော့ မြန်မာ့သဘင်ဥက္ကဌတစ်ယောက်ဖြစ်သလို လူငယ်တစ်ယောက်လည်း ဖြစ်တာမို့ မြန်မာ့သဘင်အဆင့်မြင့်တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောကိုဗစ်ကာလမှာလည်း သဘင်သည်တွေ ပွဲမကရလို့ အဆင်မပြေတာမျိုးမရှိရလေအောင် နည်းပညာအသုံးပြုပြီး ???????? ????? ????? လုပ်ကာလစဉ်ကြေးနဲ့ မြန်မာ့အကသဘင်တွေကို စီစဉ်တင်ဆက်ပေးနေသူပါ။ကိုဗစ်ကာလမှာ သဘင်ချစ်သူတွေ အကြိုက်တွေ့စေမယ့် ဖိုးချစ်ရဲ့အစီအစဉ်လေးကိုတော့ စာရင်းသွင်းသူများစွာရှိပြီး ဒီနေ့မှာတော့ အခုလိုအားပေးကြတဲ့

သဘင်ချစ်သူများကို မေတ္တာတုံ့ပြန်တဲ့အနေနဲ့ အစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေလာပါတယ်။ သဘင်ချစ်သူတွေကို ဖိုးချစ်ရဲ့ ????? ????? ?????? အနေနဲ့ သုံးလအခမဲ့ကြည့်ရှုခွင့်ပေးသွားမှာဖြစ်ပြီး အယောက်(၃၀) တိတိကို ဒီကံစမ်းမဲလေး ဖောက်ပေးသွားမှာပါ။ဒီကံစမ်းမဲအစီအစဉ်လေးမှာ

ပါဝင်ကံစမ်း လိုသူတွေအနေနဲ့ ပထမဆုံး မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင် ???????? ???? မှာ တင်ပေးထားတဲ့ ကံစမ်းမဲပို့စ်လေးကို ???? ??? ????? လုပ်ရမှာဖြစ်ပြီး ဒုတိယအနေနဲ့ ကိုယ်သွားကြည့်ဖူးတဲ့ ဖိုးချစ်ပွဲတွေထဲက အမှတ်တရဓာတ်ပုံလေးနဲ့အတူ အမှတ်တရဖြစ်စေခဲ့တဲ့ အကြောင်းအရာတွေကို ကွန်မန့်ပေးရမှာပါ။

ပြိုင်ပွဲကာလကိုတော့ နိုဝင်ဘာ(၁၆) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ သတ်မှတ်ထားပြီး နိုဝင်ဘာ(၂၃) ရက်နေ့မှာ မဲနှိုက်ရွေးချယ်သွားမှာဖြစ်လို့ သုံးလတိတိ ဖိုးချစ်သဘင်ကို အလကားကြည့်ရှုခွင့်ရမယ့် အခွင့်အရေးကြီးကို လက် မလွတ်ရအောင် ဖိုးချစ်ရဲ့ ???? လေးမှာ သွားရောက်ကံစမ်းနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

crd