News

“ကိုဗစ်ဗီဇကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိမှုကြောင့် ဒိန်းမတ်နိုင်ငံက သားမွေးမြွေပါ (၁၇) သန်းကို သုတ်သင်”

“Cluster 5” #သားမွေးမြွေပါကိစ္စ။

“Cluster 5” ဆိုတာ ကိုဗစ်ရောဂါဖြစ်စေတဲ့ SAR-CoV-2 ဗိုင်းရပ်စ်ရဲ့ #သန္ဓေဗီဇကွဲဗိုင်းရပ်စ်အမည်ဖြစ်ပါတယ်။

?? ဒန်းမတ်နိုင်ငံ Northern Jutland ရှိ သားမွေးမြွေပါမွေးမြူရေးခြံတွေမှာ စတွေ့ခဲ့တာဖြစ်တယ်။

▪️အခုထိ ဒန်းမတ်က လူ ၁၂ ယောက်မှာ “Cluster 5” တွေ့ထားပြီး အယောက် ၂၀၀ မှာ သားမွေးမြွေပါနဲ့ဆိုင်တဲ့ သန္ဓေကွဲဗိုင်းရပ်စ်တွေ့ထားပါတယ်။
▪️? လင်းနို့၊ သင်းခွေချပ်၊ မြွေပါတို့ဟာ လူနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တတ်ပါတယ်။

▪️ဧပြီလလောက်တုန်းက ကျနော်နေ့စဉ်သတင်းရေးစဉ်မှာ သားမွေးမြွေပါတွေပါရောဂါတွေ့ကြောင်းနဲ့ လူကနေကူးသွားတာဖြစ်ကြောင်း ရေးဖူးတယ်။

▪️သားမွေးမြွေပါနဲ့လူတွေအကြားမှာ #ပထမဆုံးအပြန်အလှန်ခုန်ကူးနေပြီး mutation သန္ဓေကွဲတွေဖြစ်နေကြောင်းလည်း post သပ်သပ်ရေးဖူးပါတယ်။

အခုတော့ စိုးရိမ်စရာကောင်းတဲ့တွေ့ရှိချက်တစ်ခုကို စတွေ့ခဲ့ပါတယ်။

SAR-CoV-2 ဗိုင်းရပ်စ်ရဲ့ #သန္ဓေဗီဇကွဲပုံမှာ Spike ပရိုတင်းမှာတွေ့ရလို့ပါ။

ကျနော်တို့ လက်ရှိကိုဗစ်ကာကွယ်ဆေးဒီဇိုင်းတွေက Spike ပရိုတင်းကို ပစ်မှတ်ထားပြီး ဒီဇိုင်းလုပ်ထားတာပါ။

အဲ့ဒီတော့ ကာကွယ်ဆေးက #အဲ့ဒီဗိုင်းရပ်စ်သန္ဓေကွဲအသစ် Cluster 5 နဲ့တွေ့ရင် မတိုးမှာကိုကြောက်ကြပါတယ်။

WHO က “moderately decreased sensitivity to neutralizing antibodies ” လို့ ဆိုထားပါတယ်။

ဒါဆိုရင် #ကျနော်တို့အတွက်စိုးရိမ်စရာရှိသလား❓

? #အောက်ပါအကြောင်းတရားတွေကြောင့်စိုးရိမ်စရာမရှိဘူးလို့ ကျနော်မြင်ပါတယ်။

▪️”Cluster 5″ ဆိုတဲ့ SAR-CoV-2 ဗိုင်းရပ်စ်ရဲ့ #သန္ဓေဗီဇကွဲဟာ လက်ရှိကာကွယ်ဆေးနဲ့ ကာကွယ်လို့မရနိုင်ဘူးလို့ ယူဆထားတာဟာ “အနုမာနသီအိုရီ” အဖြစ်သာရှိပါသေးတယ်။

(အနုမာန = စိတ်ကူးယဉ်သက်သက်)

▪️အကယ်လို့ လက်ရှိကာကွယ်ဆေးမတိုးရင် “Cluster 5” အတွက်ကာကွယ်ဆေးသပ်သပ်ထပ်ပေါ်ပါလိမ့်မယ်။

ကာကွယ်ဆေးရအောင်ထုတ်နိုင်မှတော့ သန္ဓေကွဲအတွက် လမ်းစပေါ်သွားပါပြီ။ သန်းခေါင်ထက်တော့ညဉ့်မနက်တော့ပါ။

▪️ကာကွယ်ဆေးမထုတ်နိုင်သေးခင် မြန်မာနိုင်ငံကိုဒန်းမတ်က ခရီးသွားအဝင်ဆိုရင် “Fast Track Clearance ” ထဲက #ဖယ်ထုတ်ဖို့လိုပါတယ်။

NGO ကိစ္စပဲဖြစ်ဖြစ်၊ ဘာကိစ္စနဲ့ပဲဝင်ဝင် ( ၁၄ )ရက် Q #ဝင်ကိုဝင်ဖို့ ညွှန်ကြားချက်ထုတ်ကိုထုတ်ရပါမယ်။

? အဲ့ဒီညွှန်ကြားချက်ကို အောက်ခြေက လေဆိပ်ရှိဝန်ထမ်းတွေကလည်း #တိကျစွာလိုက်နာဖို့လိုပါတယ်။ ?

“Cluster 5” မြန်မာပြည်ရောက်လာခဲ့ရင်ငါးပါးမှောက်ပါလိမ့်မယ်။

? အရေးကြီးလို့အမုန်းခံပြီးထပ်ပြောပါမယ်။

? အခုလက်ရှိ “Cluster 5” ကိစ္စကို #ဒန်းမတ်ကရှင်းလင်းလို့မပြီးမခြင်း NGO မကလို့ ဘယ်သူပဲလာလာ ဒန်းမတ်ကို “Fast Track Clearance ” မပေးဖို့လိုပါတယ်။

ပုံမှန် (၁၄) ရက် Q ဝင်ပြီးလာရင်တောင် Q center သပ်သပ်ခွဲဖို့ စဉ်းစားရပါပြီ။ အသေအချာစီမံနိုင်ရင် ကန့်ကွက်ဖို့မရှိပါ။

တစ်ချိန်တုန်းက လက်လွတ်စပယ်လုပ်ခဲ့တာတွေကို သိလို့ဒီလိုပြောရတာပါ။ ပြီးခဲ့တာတွေပြန်မပြောချင်ပါ။ နောက်မဖြစ်ဖို့သေချာလုပ်စေချင်ပါတယ်။

အခု ?? ယူကေလိုနိုင်ငံတွေကတောင် ဒန်းမတ်ဆိုရင် #ယာယီကန့်သတ်မှုလုပ်နေပါပြီ။

? “လောလောဆယ်ဒန်းမတ်ကနေ ယူကေနိုင်ငံကို လုံးဝအဝင်မခံပါ။ အိမ်ပြန်မယ့် ယူကေနိုင်ငံသားတွေကိုပဲလက်ခံပါတယ်။ ဒါတောင် self-isolation Q (၁၄) ရက်ဝင်ရပါတယ်။

? #ကျနော်တို့နိုင်ငံရောအဲ့ဒီအတွက်ဘာလုပ်ပြီးပြီလဲ❓

ကျနော်မသိလို့ သိတဲ့သူများရှိရင်ဖြေပေးကြပါ။

▪️တစ်ခုကောင်းတာက အခု “Cluster 5” ပေါ်တဲ့ ဒန်းမတ်နိုင်ငံဟာ အသေအချာထိန်းချုပ်တဲ့နိုင်ငံပါ။

?? ဒန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ဟာ ငယ်ရွယ်ထက်မြက်တဲ့ ၁၉၇၇ ခုနှစ်ကမှမွေးတဲ့ အမျိုးသမီးတစ်ယောက်ပါ။

ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ဟာ ပြည်သူလူထုကို ပါလီမန်မှာတောင်းပန်ခဲ့ပါတယ်။

လူဆိုတာအမှားနဲ့မကင်းပါ။ အမှားကိုဝန်ခံတယ်။ တောင်းပန်တယ်ဆိုရင် နောက်အမှားမလုပ်ဖို့ #ပြည်သူတွေကပိုမိုယုံကြည်လေးစားသွားပါပြီ။

“It is a mistake. It is a regrettable mistake, I apologise for that” လို့ ပါလီမန်မှာ ဝန်ချတောင်းပန်ခဲ့ပါတယ်။

? အဲ့ဒီတော့ ကျနော်တို့အနေနဲ့ လက်ရှိအချိန်မှာ စိုးရိမ်စရာမလိုပဲ #ဒန်းမတ်အဝင်ကိုအစိုးရကအသေအချာကိုင်တွယ်ဖို့သာ လိုပါတယ်။

? ပြည်သူတွေဘက်က ကိုဗစ်မပြီးခင်တောင့်ခံဖို့နဲ့ ကာကွယ်ဆေးကို အာနိသင်ရှိရှိ အမြန်ဆုံးထိုးပေးနိုင်ဖို့ ကြိုတင်စီမံမှုတွေ ဝိုင်းလုပ်ဖို့သာ အာရုံစိုက်ရပါမယ်။

?? ဒန်းမတ်ကသားမွေးမြွေပါတွေအတွက်ရော မွေးမြူရေးသမားတွေအတွက်ရော ကမ္ဘာပျက်တာပါပဲ။

သားမွေးမြွေပါပေါင်း (၁၇) သန်းကိုသတ်ပစ်ရပါမယ်။ တကယ့်ကိုသနားစရာပါ။

(၁၇) သန်းဆိုတာ အလွန်များပြားတဲ့ပမာဏပါ။ ဘူဒိုဇာနဲ့ အစုလိုက်အပြုံလိုက်မြေမြှုပ်နေပါတယ်။

Biosafety ဝတ်စုံဝတ်ပြီးအနက်ရောင်တွန်းလှည်းနဲ့ သားသတ်သမားတွေဟာ သားမွေးမြွေပါလေးတွေကို အမြန်ဆုံးသတ်နိုင်ဖို့သွားနေပါပြီ။

မွေးမြူရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့မြွေပါလေးတွေအသတ်ခံရပြီး အပြုံလိုက်စင်ပေါ်မှာသေနေတာကိုတွေ့ပြီး မျက်ရည်မဆည်နိုင်ကြပါ။

မျိုးဆက် ၃ – ၄ ဆက်လောက်လုပ်လာတဲ့ သူတို့လုပ်ငန်းတွေတခါတည်းပြုတ်သွားပါပြီ။

အစိုးရကတော့ မွေးမြူရေးသမားတွေကို လျှော်ကြေးပေးပါတယ်။

#ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ အစိုးရရဲ့မဟာမိတ်တွေကတောင်တောင်းဆိုထားပါတယ်။

လုပ်သားပေါင်း အယောက် ၆၀၀၀ လောက်အလုပ်လက်မဲ့ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၈ -၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိဝင်ငွေရှိခဲ့တဲ့ လုပ်ငန်းကြီးပြိုလဲသွားနိုင်ပါတယ်။

? မိန်းကလေးတွေရဲ့ #မျက်တောင်တုလုပ်ငန်းအတွက် ကုန်ကြမ်းပြဿနာတက်သွားနိုင်ပါတယ်။

▪️ကမ္ဘာပေါ်မှာရှိတဲ့ Covid-19 Risk Assessments ထဲမှာ “Cluster 5” ပါထည့်သွင်းလာကြပါပြီ။

▪️အခုထိ ကာကွယ်ဆေးက “Cluster 5” ကိုထိရောက်မှုရှိမရှိ အတိအကျမသိသေးတာမို့ ကာကွယ်ဆေးအပေါ်ယုံကြည်မှုမလျော့စေချင်ပါ။

▪️အရေးကြီးတာက “Cluster 5” #မြန်မာပြည်ကိုရောက်မလာဖို့ပါခင်ဗျား။

Richard Myo Thant

17-November-2020