ဗဟုသုတ

“ဆောင်းရာသီမှာ ရဟန်း သာမဏေတွေကို မချမ်းစေချင်တဲ့ စေတနာနဲ့ လွဲမှားတဲ့ အလှူမပြုမိစေဖို့ ဆရာတော်ကြီးရဲ့ ဩဝါဒ”

(အရေးပေါ် ) ဒါယကာများ သိစေဖို့

ရဟန်းတော်များအားဝိနည်းနှင့်မအပ်စပ်သောအင်္ကျီဆွယ်တာ၊အံသကိုက်အဝတ်များ မလှူစေချင်

အမြတ်ဆုံး ရတနာထဲတွင် ပါဝင်သောဘုရားရှင်၏ သားတော်ရဟန်,သာမဏေများ၏ အဝတ်အရုံသည် လူတို့နှင့် လုံးဝမတူဘဲကြည်ညိုဖွယ်အသွင်းကို ဆောင်နိုင်ကြပါသည်။

ယနေ့ခတ် လူဒါယကာများသည် ရဟန်းသာမဏေများအား စေတနာဖြင့် လှူဒါန်းကြသော အင်္ကျီဆွယ်တာ၊အံသကိုက်၊အနွေးထည်များသည် သာသနာတော်နှင့်လုံးဝမအပ်စပ်ပါသဖြင့် မလှူကြဖို့ရန်အသိပေးပါသည်။

လှပသောအင်္ကျီဆွယ်တာ၊အံသကိုက်၊အနွေးထည်များကို ဝတ်ဆင်ထားချိန်တွင်သာမဏေများသည် လူ့အဖြစ်ကို တောင်းတမိပြီး (သင်္ကန်းမဝတ်တော့ဘူး၊လူထွက်တော့မယ်)ဟု တခဏတာမျှစိတ်ဖြစ်မိသွားရုံနှင့် သင်္ကန်းကို ပြန်လည် ဝတ်ရုံမိပါကလိင်္ဂထေနကဖြစ်၍ ကိုရင်ပါရာဇိကထိကျရောက်နိုင်ပါသည်။

အသက်ထက်ဆုံးရဟန်းအဖြစ်ကိုသာမက ကိုရင်အဖြစ်နှင့်ပင် နေထိုင်ခွင့်မရနိုင်တော့ပါ။ ရဟန်းပါရာဇိကထက် ကိုရင်ပါရာဇိကက အပြစ်ပိုကြီးလှပါသည်။

သို့ဖြစ်ပါ၍ ယခုလိုဆောင်ရာသီ ရောက်လာချိန်၌ ရဟန်း သာမဏေများအား မေတ္တာစေတနာပိုကာ သာသနာနှင့်မအပ်စပ်သောအင်္ကျီဆွယ်တာ၊အံသကိုက်အနွေးထည်များကို လှူဒါန်းခြင်းသည်သာသနာပျက်စီး ကွယ်ပကြောင်းဖြစ်၍မလှူမိဖို့ရန် သတိပေးရခြင်းဖြစ်ပါသည်။

မိမိတို့ရဟန်း သာမဏေများအား ချမ်းမှာစိုး၍ လှူဒါန်းချင်ပါက နွေးထွေးမှုရှိသောဝိနည်းတော်နှင့်လည်း အပ်စပ်သောခြုံထည်များ ၊ စောင်များ ဒုကုဋ်-နှစ်ထပ်သင်
ကန်းကြီးများကိုသာ လှူဒါန်းသင့်ပါကြောင်းအရေးပေါ် အသိပေး လိုက်ရပါ၏။

(အညာ မေ အာကပ္ပေါ ကရဏီယောတိပဗ်ဗဇ်ဇိတနေ အဘိဏှံ ပစ်စဝက်ေခိတဗ်ဗံ။)

မေ-ငါသည်၊ အညော-လူတို့၏ အပြုအမူအရာ အသွင်အပြင်မှတပါးသော၊အာကပွေါ- ဘုရားသားတော် ရှင်ရဟန်းတို့၏ အပြုအမူ အသွင်အပြင်ကို၊ ကာတဗ္ဗော- ပြုသင့်ပြုထိုက်၏၊ ပြုရမှာ ပါတကား၊ ဣတိ-ဤသို့၊ ပဗ္ဗဇိတေန- သာသနာဝန်ထမ်းရှင်ရဟန်းသည်။ အဘိဏှံ-နေ့စဥ်မပြတ်၊ ပစ္စဝေက္ခိတဗွံ- ဆင်ခြင်ရပေမည်။

ကျမ်းကိုး–ဝိနယမဟာဝဂ္ဂပါဠိတော်၊အဋ္ဌကထာ၊ဒသဓမ္မသုတ်တော်၊

မေတ္တာများစွာဖြင့်—သဗွဟ်မစာရီ(ဓမ်မဝိနယ)

ဓမ္မဝိနယာလင်္ကာရစာသင်တိုက်

အာဒိကမ္မိက ပဓာနနာယကဆရာတော်