ထိုင်းထီပထမဆုဘတ်(6)သန်းပေါက်တဲ့ ဇနီးမောင်နှံ ထီဆုငွေများ ထုတ်ယူနိင်ဖို့ AAC မှကူညီပေးနိုင်ခဲ့တဲ့ သတင်းကောင်း…
ထိုင်းထီပေါက်တဲ့ မြန်မာလုပ်သားကရင်လူမျိုးဇနီးမောင်နှံ ကိုယ်တိုင် ထီဆုငွေများထုတ်ယူလို့ရဖို့ AAC အဖွဲ့က ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါပြီ။
မနေ့က ထီလက်မှတ်ပေါ်မှာ လက်မှတ်ထိုးတာနဲ့ပက်သက်ပြီး အရှုပ်အရှင်းအနည်းငယ် ရှိခဲ့ပေမယ့်ယနေ့ ထီဆုငွေ ထုတ်ယူပေးတဲ့အပိုင်းမှာ ဝင်မရှုပ်တော့ပဲ ကူညီခဲ့တဲ့ ထိုင်းအလုပ်ရှင်ကို AAC မှ အထူးကျေးဇူးတင်ပါတယ်။
ပူးတွဲဖော်ပြပါပုံတွေကတော့AAC ဒါရိုက်တာဦးခိုင်နဲ့ ထိုင်းထီပေါက်သူမိသားစု အလုပ်ရှင်အပါအဝင် မှတ်မှတ်ရရဖြစ်ခဲ့တဲ့ပုံတွေပါ။
မြန်မာကျပ်ငွေ သိန်းပေါင်း ( 2300 )ကျပ်တိတိကိုထိုင်းအလုပ်ရှင်များရှေ့မှာ မြန်မာငွေအဖြင့် AAC မှ တာဝန်ယူ မြန်မာပြည်သို့ လွှဲပြောင်းပေးပို့ပြသနိုင်ခဲ့ပါသည်။
ပြန် Share ပေးသူအားလုံး လာမယ့်အပတ်မှာထိုင်းထီကံထူးရှင်များဖြစ်နိုင်ကြပါစေ….
ပုံ-17-11-2020 ရက်နေ့ ထီဆုငွေများ ထုတ်ယူပေးပြီးနောက် ထိုင်းထီကံထူးရှင်များနဲ့ AAC အဖွဲ့ အမှတ်တရပုံများ….
ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)
ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး….