ပံ့သကူပစ်ပါ!
တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲစိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။
အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။
ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။
နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့အကျိုးကျေးဇူးပါပဲ။
သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။
ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီးပံ့သကူပစ်ကြပါနော်။
ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။
သူလည်း လွတ်လွပ်စွာ ပျော်ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။
ပံ့သကူပစ်တဲ့ အခါ ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး မြင်တဲ့သူ စိတ်မပူရအောင် ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။
၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်
အထူးအရေးကြီးတာက”ပံ့သကူပစ်ပါသည်” ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ ရယူနိုင်ကြပါစေ။
တန်ဆောင်မုန်းလပြည့်ညမှပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။
ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရတယ် မဟုတ်လား။
ပံ့သကူပစ်ပွဲသည် တန်ဆောင်းမုန်းလ၏ ပွဲတစ်ပွဲဖြစ်သည်။ ပံ့သကူပစ်ပွဲသည် အခြားပွဲများကဲ့သို့ လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်၊ လူအများ ကွယ်ရာတွင် ဖြစ်စေ၊ ညမှောင်ချိန်တွင် ဖြစ်စေ၊ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင်ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ် လှူဒါန်းကြသော ပွဲမျိုးဖြစ်သည်။
နောက်ပိုင်းတွင် လူအချင်းချင်း အသုံးအဆောင်ပစ္စည်းများ ငွေကြေးများပံ့သကူပစ် လှူဒါန်းသော ဓလေ့ပေါ်ပေါက်လာသည်
ပံ့သကူပစ်ပွဲသည် ရဟန်းသံဃာတော်များ ကျင့်စဉ်ဓမ္မများဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် ပံ့သကူဓူတင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောပွဲဖြစ်၏။ ပံ့သကူဓူတင်အကျင့် ဟူသည်မှာ ဒါယကာ ဒါယကာမများက တိုက်ရိုက်လှူဒါန်းသည့် သင်္ကန်းကို ပယ်၍ လူတို့ စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်ပြီး ချုပ်၊ စပ်၊ ဆိုးထားသော သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်သည်။
ဤတန်ဆောင်မုန်းလသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှုပြုရာ ပွဲတော်အများဆုံးသော ကာလဖြစ်ပြီး ကုသိုလ်ကောင်းမှုဟူသည် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သောကြောင့် ဤတန်ဆောင်မုန်း အခါသမယ၌ မိမိတို့ တတ်အားသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ဖြည့်ကျင့်ပြုလုပ် ပွားများ အားထုတ်နိုင်ကြပါစေကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက် ရပါသည်။
Crd
တန်ဆောင်မုန်း လဆန်း ၁၄ ရက်၊
၁၃၈၂ခုနှစ်၊ တနင်္ဂနွေနေ့။
(29.11.2020)