တရုတ်ပြည်ကို ဆော်ဒီကသွင်းတဲ့ အေးခဲပုဇွန်ပလတ်စတစ်ထုပ်တွေပေါ်မှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စစ်ကိုတွေ့ရပါတယ်။
အဲ့ဒီလိုပဲ ?? တရုတ်ပြည်ကို နယူးဇီလန်၊ ဘရာဇီးနဲ့ ဘိုလီးဗီးယားတို့ကပို့တဲ့ အမဲသားနဲ့ အမဲအူကြမ်းတွေပေါ်မှာ စနေတနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စစ်ကိုတွေ့တယ်လို့ ကြေညာပါတယ်။
အဲ့ဒီလို #ကိုရိုနာဗိုင်းရပ်စစ်တွေ့တယ်လို့ကြေညာတိုင်း အသားငါးတွေ၊ delivery လာပို့တဲ့ အစားအသောက်တွေ၊ ဈေးကဝယ်လာတဲ့ဈေးခြင်းတောင်းနဲ့ အထုပ်အပိုးတွေကို #ကိုင်ရမှာလက်တွန့်ပါတယ်။
အဲ့ဒီတော့ #ကိုဗစ်ဟာအောက်ပါအချက်အလက်တွေကကူးမကူး သေချာသိဖို့လိုလာပါတယ်။
▪️အသားငါးတွေပေါ်က၊
ပိုးကရက်အနည်းငယ်အသက်ရှင်နိုင်တယ်ပြောပေမယ့် #အစိမ်းမစားရင်စိတ်ပူစရာမရှိပါ။ ပါတဲ့ပိုးပမာဏကလည်းမများပါ။
▪️ဟင်းသီးဟင်းရွက်တွေပေါ်က၊
အသားပေါ်လောက်ကြာကြာမခံပါ။ ရေသေချာဆေးရင် စိတ်ချရပါတယ်။ ပါလာနိုင်တဲ့ပိုးက မများနိုင်လို့ပါ။
▪️ဈေးကဝယ်လာတဲ့ ပဲပြုတ်၊ မုန့်ဟင်းခါး၊ မြန်မာမုန့်တွေပေါ်က၊
ပဲပြုတ်ပူပူ၊ ဟင်းပူပူက ပိုးသေနိုင်ခြေအရမ်းများပါတယ်။ ကျနော်ကစိတ်မပူပါ။ ပါမယ့်ပိုးနဲ့ ဒီအပူနဲ့ တွက်ပြီးစိတ်မပူတာပါ။
အခုထိအစားအသောက်ကကူးတဲ့ case #မတွေ့ရသေးပါ။
▪️ဈေးခြင်းတောင်းနဲ့ ဈေးကပါလာတဲ့ပလတ်စတစ်အထုပ်အပိုးတွေပေါ်က၊
ဈေးခြင်းကို တတ်နိုင်သလောက် ဆေးကြောသန့်စင်ပါ။ ပလတ်စတစ်အိတ်တွေကို အိမ်ကလူကြီးနဲ့ကလေးတွေ စပ်စပ်စုစုလာကိုင်တာကို သတိပေးပါ။ #လူကြီး
တွေလုံးဝအကိုင်မခံပါနဲ့။
ပလတ်စတစ်အိတ်တွေအားလုံးဖယ်ပစ်လိုက်ပါ။ ပြီးရင် လက်ကိုရေသေသေချာချာဆေးပါ။
▪️အစားအသောက် delivery လာပို့တဲ့ အထုပ်အပိုးနဲ့ လူတွေဆီက၊Delivery ပစ္စည်းလာပို့ရင် တံခါးဖွင့်ပစ္စည်းယူတာသေချာဂရုစိုက်ပါ။ထုပ်ပိုးတဲ့ပလတ်စတစ်ပူနေရင်စိတ်မပူပါ။
delivery ကလေးတွေစုဝေးပြီး ဆေးလိပ်သောက်တတ်ကြတာဖုန်းပွတ်တတ်ကြတာကို သိပါတယ်။Delivery အစားအသောက်ပစ္စည်းကိုစိတ်မပူပါ။ လူကိုပဲစိတ်ပူပါတယ်။
▪️ ပစ္စည်း delivery လာပို့တဲ့ အထုပ်အပိုးနဲ့ လူတွေဆီက၊လူကြုံလာပို့လို့ ကျေးဇူးတင်ကြောင်းစကားကိုဖောင်ဖွဲ့ပြီးမပြောပါနဲ့။
အဝတ်အထည်နဲ့ ပစ္စည်း delivery လာပို့တဲ့အိတ်တွေကို လူကြီးနဲ့ကလေးတွေအထိမခံပါနဲ့။ တတ်နိုင်သလောက်အိတ်ခွံတွေကို လွှင့်ပစ်ပါ။ လူကြီးတွေကနှမျောပြီးလိုက်သိမ်းတတ်ပါတယ်။
သိပ်လည်းစိုးရိမ်မနေပါနဲ့။ အဓိကက လာပို့တဲ့လူပါ။ ပစ္စည်းမဟုတ်ပါ။
?? CDC နဲ့ WHO ရဲ့အချက်အခက်တွေကို အခြေခံပြီး တစ်ချက်ခြင်းဖြေခဲ့တယဖြစ်ပါတယ်။
? ဘာလို့ပိုးပါလာမလဲ ပြန်ကြည့်ရအောင်။
ကိုဗစ်ရောဂါရှိတဲ့သူက ဈေးရောင်းရင်း၊ အသားငါးကိုင်ရင်း၊ ဟင်းချက်ပြင်ဆင်ရင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ရင်း ? Sars-CoV-2 ဗိုင်းရပ်စ်က အဲ့ဒီအစားအသောက်နဲ့အထုပ်အပိုးတွေအပေါ်ကျရောက်သွားလို့ပါ။
တကယ်က အဲ့လိုကျရောက်သွားလည်း ကူးစက်မှုက မဖြစ်နိုင်သလောက်ပါ။
ပစ္စည်းတွေကိုကိုင်တွယ်မယ့်သူက အသက်ကြီးပြီးအားနည်းလွန်းရင်တော့ #မထိတွေ့မကိုင်တွယ်စေတာအကောင်းဆုံးပါ။
သူတို့ဟာခေါင်းလည်းမာပြီး Mask တပ်ဖို့နဲ့ အသေအချာလက်ဆေးဖို့လည်း ပြောရခက်ပါတယ်။
? Sars-CoV-2 ဗိုင်းရပ်စ်က ပလတ်စတစ်ပေါ်မှာ ၂ ရက် ၃ ရက်အသက်ရှင်နိုင်ပြီး အသားတွေပေါ်မှာ ရက်နဲ့ချီပြီး ကြာကြာအသက်ရှင်နိုင်ပါသတဲ့။
ဒါပေမယ့် အဲ့ဒါက ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်မှုသာဖြစ်ပြီး #အပြင်မှာဘယ်လောက်အသက်ရှင်နိုင်သလဲ❓ ဘယ်သူမှမသိပါဘူး။
အခြေအနေမတူညီတဲ့ ရှုပ်ထွေးတဲ့ပြင်ပ settings and surfaces တွေကို လိုက်သုသေသနပြုလို့ခက်ပါတယ်။
? ဓာတ်ခွဲခန်းထဲက controlled settings and surfaces တွေကိုပဲ သုသေသနပြုရတာ လွယ်ပါတယ်။
University of Leicester က AP ဖြစ်သူ Dr Julian Tang က အပြင်လောကမှာ enviromental conditions တွေအပြောင်းအလဲမြန်လို့ ဗိုင်းရပ်စ်ကကြာကြာအသက်မရှင်နိုင်ပါတဲ့။
Rutgers University က microbiology professor ဖြစ်သူ Dr Emanuel Goldman ကလည်း ဘာထောက်ပြသလဲဆိုတော့ ဓာတ်ခွဲမှာ နမူနာယူပြတာက ဗိုးပမာဏ (၁၀ သန်း) လောက်ကို နမူနာယူစစ်ဆေးတာဖြစ်ပြီး …
? လူတစ်ယောက်နှာချေလိုက်လို့ လေထဲကနေ မျက်နှာပြင်ပြင်တစ်ခုအပေါ်ကျရောက်သွားမယ့် aerosol droplet ?အစက်ထဲမှာ ပါသွားမယ့် ပိုးပမာဏက (၁၀၀) လောက်ပဲရှိပါမယ်တဲ့။
? အဲဒီပိုးပမာဏနည်းနည်းကလေးကို ကိုယ်ခံအားအားနည်းသူက နှာချေပြီးချင်းချင်း တစ်နာရီ၊ နှစ်နာရီအတွင်းလက်နဲ့ထိမိပြီး မျက်နှာပါးစပ်တို့ကိုထိမိမှ ကူးစက်နိုင်တာပါတဲ့။ ဒါတောင် #အခွင့်အရေးအလွန်နည်းပါသေးတယ်တဲ့။
WHO က “highly unlikely that people can contract Covid-19 from food or food packaging” လို့ ဆိုထားပါတယ်။
အစားအသောက်နဲ့ အစားအသောက်ကိုထုပ်ပိုးထားတဲ့ အထုပ်အပိုးကနေ ကူးစက်ဖို့ အလွန့်အလွန်ကို ဖြစ်နိုင်ခြေနည်းပါတယ်တဲ့။
“due to the fact that coronavirues require a living host to multiply ” ဗိုင်းရပ်စ်အသက်ရှင်ဖို့ လက်ခံသက်ရှိလိုအပ်လို့ပါတဲ့။
?? CDC ကလည်း အဲ့လိုပဲ ဖြစ်နိုင်ခြေနည်းတယ်လို့ပြောထားပါတယ်။ အကယ်လို့ မျက်နှာပြင်တွေအပေါ်မှာ ပိုးတွေ့ခဲ့ရင်လည်း အသေဖြစ်နိုင်ပါတယ်။
ကျနော့်အမြင်ကိုပြောပါမယ်။
? အဓိကကူးစက်တာက delivery ပစ္စည်းထွက်ယူတာ၊ ဈေးထွက်ဝယ်တာနဲ့ အမှိုက်ထွက်ပစ်တာပါ။
?️ တင်းတောင် ဆိုပြီးတံခါးကဘဲလ်မည်တာနဲ့ mask ? ကိုအသေအချာတပ်ပြီးမှ တံခါးသွားဖွင့်ပါ။
ဘာဂျာတံခါးအပြင်ကလူနဲ့ အိမ်တံခါးဖွင့်လိုက်တဲ့သူက ၆ ပေအကွာအဝေးအတွင်းမှာရှိပါတယ်။
#စကားခေတ္တရပ်ပြောပြီးအမေးအဖြေလုပ်တာ၊ #တံခါးဖွင့်ပြီးပစ္စည်းလက်ခံယူတာ၊ #ငွေပေးငွေယူလုပ်တာတွေက Mask ? သေသေချာချာတပ်ပြီး လက်အသေအချာပြန်ဆေးဖို့ အရေးကြီးပါတယ်။
ဘာဂျာတံခါးဝကနေ လုံခြုံရေးက mask မတပ်ပဲ “ကားလေးရွှေ့ပေးပါခင်ဗျ” လို့အပြော အိမ်ထဲကလူကလည်း “ခဏနော်” လို့ Mask မတပ်ပဲပြန်ပြောတာနဲ့ ကူးစက်နိုင်ပါတယ်။
အောက်မှာအမှိုက်ဆင်းပစ်တယ်။ ခဏဆိုပြီး ပြန်ဝင်လာတော့ လက်ကိုသေချာမဆေးမိဘူး။
လူကြီးတွေက အောက်မှာအမှိုက်ဆင်းပစ်တယ်။ ဓာတ်လှေခါးထဲမှာ အခြားသူတစ်ယောက်နဲ့တွေ့တယ်။ စကားပြောလိုက်တယ်။ အဲ့ခဏလေးက ကူးစက်နိုင်ပါတယ်။
မနက်ဈေးသွားဝယ်တာ လူတွေတိုးကပ်ပြီးဝယ်ရတယ်။ ဈေးစကားပြောရတယ်။ ကူးစက်ဖို့အခွင့်အလမ်းများပါတယ်။
ကျန်တာတွေက အခွင့်အလမ်းနည်းပါးပါတယ်။
အဲ့ဒီတော့ ကျနော်က ထိတွေ့မယ့်လူကိုသာအဓိက ဂရုစိုက်ဖို့ Mask တပ်ဖို့ ခပ်ခွာခွာဆက်ဆံဖို့ သတိပေးလိုပါတယ်။
ကားမောင်းသွားရင်း အသိတွေ့လို့ရပ်ပြီးနှုတ်ဆက်ရင်၊ ကားဆီသွားဖြည့်ရင် #သတိထားကြပါ။
ဒါကအရေးကြီးလို့သတိပေးတာပါ။
ကားထဲမှာအဲကွန်းဖွင့်ထားပြီး လေပူကိုစုပ်ထုတ်ကာ ကားထဲက negative pressure room သဘောဖြစ်နေတတ်ပါတယ်။
ပြင်ပကကားတံခါးနားကပ်ပြီး “92 လား 95 လား” မေးတာ၊ ကံစမ်းမဲအတွက်ဖုန်းနံပါတ်မေးတာနဲ့ အပြင်ကသူပြောသမျှလေက ကားထဲဝင်သွားပြီး အထဲမှာလှည့်လည်နေတဲ့လေထဲပါသွားနိုင်ပါတယ်။
? ပစ္စည်းနဲ့ အစားအသောက်ကို သိပ်စိတ်မပူကြပါနဲ့။
? ခဏလေးဆိုပြီး mask ? မတပ်ပဲ တံခါးဖွင့်တာမျိုးမလုပ်ပါနဲ့။
Richard Myo Thant
16-November-2020