News

“တစ်နှစ်ခွဲအရွယ် ကလေးငယ်လေး နှင့် မိဘတွေရဲ့ သနားစရာအဖြစ်ကြောင့် ဝတ်စုံအဖြူကြီးကြားက ကျလာတဲ့ “ပရဟိတ”မျက်ရည်”

ယနေ့ ~ ဖြစ်ရပ်လေး။ Covid-19 Mdy

မိသားစုတစ်စု၏ အငိုမျက်လုံးကြားကအပြုံးမျက်နှာ။

မိသားစု (၃)ဦး ~ ကလေးငယ်လေးက တစ်နှစ်ခွဲ။

အမေဖြစ်သူက အနံ့ပျောက် မှ တဆင့် ရောဂါပိုးတွေ့ရှိသဖြင့် – ၎င်းနှင့် ထိစပ်သူ ယောကျာ်း နှင့် ကလေးလေးအား အ.ထ.က(၂၄)တွင် Q သွင်းခဲ့ပါသည်။
ယနေ့ ! ကျွန်တော်များအဖွဲ့ နှင့် ကျန်းမာရေးဌာန မှ Q Center မှ Swab ယူ စစ်ဆေးခဲ့ရာ။

အဖေဖြစ်သူ မှာ Covid-19 ရောဂါ ကူးစက်ခံရပြီး ပိုးတွေ့ရှိခဲ့ပါသည်။ ကလေးလေး ကတော့ ပိုးမတွေ့ခဲ့ပါဘူး။

ထိုအချိန်တွင် – ကလေးမိခင်မှ ကျွန်တော်ထံ ဖုန်းဆက်၍ ကလေးငယ်လေးအား သူနှင့်အတူ ထားလိုပါကြောင်း – ကူညီပါ ကယ်ပါအုံး စသည့်ဖြင့် ငိုပြီးပြောလာပါတယ်။

?????????????????

ဟုတ်တယ်လေ တစ်နှစ်ခွဲကလေး ဆိုတာ မိခင် ကိုသာ တန်းတန်းစွဲနေမှာပေါ့။Q Center နှင့် အခြားနေရာများတွင် ကလေးအား ထားရန် အဆင်ကမပြေ။ ဖခင် နှင့်လည်း အဆင်မပြေ။ကလေးကလည်း ငို။

ကျန်းမာရေးဌာန က သားဖ နှစ်ယောက် ပို့ဆောင်ရန် လွှဲစာဖြင့် ညွှန်ကြားထားသည်မှာ က သံဃာ့ဆေးရုံ ၊ အမေဖြစ်သူက ရှိတာက ကုတင်(၃၀၀)

ထို့ကြောင့် ! ကျွန်တော်မှ ပို့ဆောင်ရေးယာဉ်တန်းအား ကလေးကို ကုတင်(၃၀၀) မိခင်ထံပို့ ၊ အဖေဖြစ်သူကို သံဃာ့ဆေးရုံပို့ ဆိုပြီး လွှတ်လိုက်ပါတယ်။

ကျွန်တော်တို့ ပို့ဆောင်ရေးအဖွဲ့များသည် ကျန်းမာရေးဌာန ၏ ညွှန်ကြားချက်အတိုင်း စာရင်းယူ၍ ပို့ဆောင်ရသည်ဖြစ်သော်လည်း ~ သူတို့မိသားစုလေးအဆင်ပြေစေရန် မိမိဆန္ဒဖြင့် မိခင်ရှိရာသို့ ကလေးအား ပို့ဆောင်စဉ် မိခင်ရှိသည့်ဆေးရုံမှ သူတို့ထံ လွှဲစာမပါသောကြောင့် လက်ခံရန် အခက်ဖြစ်နေချိန်မှာ –

အချိန် အနည်းငယ်ကြာသည်အထိ အကူအညီတောင်းနေစဉ်။အမေဖြစ်သူက ကုသဆောင်ပေါ်မှ ငို။ကလေးလေးကလည်း ကားပေါ်ကနေ ငို။

အသဲမာတဲ့ ကားဆရာကြီးလဲ ငို ပြီပေါ့ဗျော။ကလေးကို အမျိုးမျိုးချော့လည်း မရ။အသံဝဲဝဲ နှင့် ဝတ်စုံအဖြူကြီးကြားက ကျလာသည့် “ပရဟိတ”မျက်ရည် ဘယ်သူမြင်နိုင်မလဲ???

ခဏကြာတော့ ! ဆေးရုံအုပ်ကြီး၏ ခွင့်ပြုချက်ဖြင့် ~~~~ ကလေး နှင့် အမေ ပြန်ဆုံခွင့် ရသည့် အချိန် ကလေး ~ အမေ ~ အဖေ ~ ကူညီသူ သူတို့ လေးဦးစလုံး ?? အငိုမျက်လုံးကြားထဲက အပြုံးမျက်နှာ ကိုယ်စီဖြင့် ?? ယနေ့ ! ပီတိတစ်ခုကို အားရပါးရ စားလိုက်သည်။

ကိုသက်ကြီး

မဟာ – လူမှုကယ်ဆယ်ရေး

Covid-19 ရောဂါ ထိန်းချုပ်ရေးအဖွဲ့။

09402600033 / 09-441 119 119

(သင် ၏ ပေါ့လျော့မှု / အလေးမထားမှုများသည် သင့် နောက်ကွယ်မှ သင့် မိသားစု များသည် ယခုကဲ့သို့ ကြုံရမည်။)