News

“ဒီနေ့ထွက်တဲ့ ထိုင်းထီ ဘတ် (၆) သန်းဆု မြန်မာလုပ်သား ဇနီးမောင်နှံ ပေါက်ပြန်ပြီ”

“ဒီတပတ်လည်း မြန်မာတွေ ကံကောင်းပြန်ပြီ”

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားကရင်တိုင်းရင်းသားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆုဘတ်(6)သန်းဆုကံထူးရှင်ဖြစ်သွားပါပြီ….

ထိုင်းနိုင်ငံ လယောင်းခရိုင် စက်မှုဇုံလုပ်ငန်းခွင်တွင်ဆောက်လုပ်ရေးလုပ်ကိုင်နေသော ကရင်တိုင်းရင်းသားဇနီးမောင်နှံ ယနေ့ 16-11-2020 ရက်နေ့ထွက်သည့်ထိုင်းထီအမြင့်ဆုံးဆုကြီးတစ်စောင်ထိုင်းဘတ်ငွေ( ၆ )သန်းဆု ပေါက်ပါတယ်….

မှတ်ချက်။ ။ ထိုင်းအလုပ်ရှင်မှ ငွေလိုက်ထုတ်ပေးပါလိမ့်မည် ဘာလို့လဲ ဆိုတော့ထီပေါက်တဲ့ ထီလက်မှတ်နောက်ကျော ထိုင်းအလုပ်ရှင်က သူရဲ့လက်မှတ်ရေးထိုးလိုက်သောကြောင့်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လက်ရှိ ထီဆုငွေကို ထုတ်ယူခွင့်ရှိသူမှာ ထိုင်းအလုပ်ရှင်ပါ ထီလက်မှတ် ပိုင်ရှင်ဇနီးမောင်နှံ ထိုင်းအလုပ်ရှင်က ထုတ်ပေးမှသာဆုငွေများ လက်ဝယ်ရရှိမှာပါ။

ကံထူးရှင်ဇနီးမောင်နှံကတော့AAC အဖွဲ့ကို လာရောက်ကူညီ စောင့်ရှောက်ပေးရန် တောင်းဆို မေတ္တာရပ်ခံနေပါတယ်။

ထိုင်းထီကံထူးသူ မြန်မာလုပ်သားများဆောင်ရန် ရှောင်ရန်တွေကို အထူးသတိပြုကြပါ။

ရဲမင်း(AAC မဟာမိတ်အဖွဲ့)

ထိုင်းအခြေစိုက်အလုပ်သမားကူညီရေး…..