ရန်ကုန်၊၂၀၂၀နို၀င်ဘာ၁၆ရက်
ရှမ်းပြည်နယ် မြို့နယ်၃ခုတွင် နိုင်ငံေတာ်ထောက်ပံ့ကြေးများကို ပြည်နယ်၀န်ကြီးကိုယ်တိုင်ဆင်းပေးခဲ့သည်။
နို၀င်ဘာလအတွင်း နိုင်ငံတော်ထောက်ပံ့ကြေးများပေးအပ်ခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့စီမံ၊ဘဏ္ဍာ၀န်ကြီး ဦးစိုးညွန့်လွင်က အသိပေးပြောသည်။
“တောင်ကြီး၊အေးသာယာ၊ရွှေညောင်မြို့အတွင်းရှိCovid-19ကာလထောက်ပံ့ငွေရရှိသောမိဘပြည်သူများအားကးကိုယ်တိုင်လိုက်လံထောက်ပံ့ပေးခဲ့ပါတယ်”ဟု၎င်းကပြောသည်။
COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ရာတွင် အိမ်ထောင်စုများထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် (၁၀.၁၁.၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခုအကြိမ်တွင် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ဒီလိုဆင်းပေးလိုက်တော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေကြား တက်နေတဲ့ ပြသနာမျိုး မရှိတော့ဘူးပေါ့။
မင်းမင်း/Myanmar Harp