ဗေဒင်

“(၇)ရက် သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာ ဟောစာတမ်း(နိုဝင်ဘာလ ၁၆ ရက်မှ ၂၂ ရက်နေ့ အထိ)”

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

တနင်္ဂနွေသားသမီးများအတွက်ဟောစာတမ်း

အထက်လူကြီးနှင့် ပက်သက်ပြီးတော့ မိမိ မိသားစုအပေါ် ဖိအားပေးမှုတွေ ကြုံနေရတယ်။ အလုပ်က ထွက်ချင်တဲ့ စိတ်တွေပေါ်နေမယ်။

ပြောင်းချင်တဲ့ စိတ်တွေ ပေါ်နေမယ်။ မပြောင်းပါနဲ့။ မထွက်ပါနဲ့လို့ အကြံညာဏ်ပေချင်ပါတယ်။ မကြာခင်အဆင်ပြေသွားမှာပါ။

ခရီးတစ်ခု သွားရလိမ့်မယ်။ ထိုခရီးမှာ မိတ်ဆွေအသစ်တွေ လုပ်ငန်းအသစ်တွေ ရပါလိမ့်မယ်။ ရွှေ လှေ လှည်း ကိစ္စမျိုးတွေ အောင်မြင်တတ်ပါတယ်။

ငွေကြေးကိစ္စ အာမခံခြင်းတော့ ရှောင်ပါ။ ငွေကြေးအစုလိုက်ဝင်တာမျိုးတွေ ဆုကြေးရတာမျိုးတွေ ကြုံရတတ်တယ်။ မိမိ မွေးလကျော်ရင်တော့ အစစအရာရာ အဆင်ပြေသွားမှာ ဖြစ်တဲ့ အတွက် ကံကောင်းခြင်းတွေ ကံမကောင်းခြင်းတွေကို ခေတ္တ စောင့် ဆိုင်းပြီးမှ လုပ်ချင်တာကို စဉ်းစားဆင်ခြင်ပြီး လုပ်ပါ။

အိမ်ထောင်ရေး အချစ်ရေး အဆင်ပြေလာပါမယ်။ နှလုံးအားနည်းတာ ဒူးနာတာမျိုး ကြုံတတ်တယ်။ ကံကောင်းစေရန် သရက်ပင် စိုက်ပျိုးပါ။ ကံကောင်းစေသောဂဏန်း ၁ ၆ ၂ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

တနင်္လာသားသမီးများအတွက်ဟောစာတမ်း

ဒီရက်ပိုင်းတွေမှာ အရက် မူးယစ်ဆေး တရားမဝင်လုပ်ငန်းကိစ္စများ သတိပြုပါ။ အန္တရာယ်ကြုံတတ်တယ်။ အဆုံးရှုံးလေးတွေ များလိမ့်မယ်။ စက်ပစ္စည်းလုပ်ငန်း စက်မှုလုပ်ငန်း ဆရာ ဆရာမ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ စတင်လည်ပတ်လို့လာပါပြီ။ ရပါဝေး အဆက်အသွယ်ကောင်းတွေ ရပါမယ်။ လောင်းကစားလုပ်ငန်း သစ်လုပ်ငန်းများကတော့ အကျိုးပေးပါလိမ့်မယ်။

ရွှေနှင့် ခြေနှစ်ချောင်း တစ်ပြိုင်နက်ထဲဝင်လာလိမ့်မယ်။ တစ်ခုကိုပဲ ဦးစားပေးပြီးတော့ယူပါ။ အိုးအိမ် အပြောင်းအရွှေ့ သို့မဟုတ် အိမ်ထောင်ရေးကိစ္စ အပြောင်းအရွှေ့အပြောာင်းအလဲတွေ ကြုံတတ်ပါတယ်။ စက်ပစ္စည်းအသစ်တော့ မဝယ်ပါနဲ့အုန်း။

ဝယ်လျှင် စက်ပစ္စည်းကြောင့် စိတ်ညစ်စရာကြုံနေရတတ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေး သတိထားပါ။ ပြောင်းလဲမှုတွေ ကြုံပါလိမ့်မယ်။ ဝမ်းဗိုက်နာတာမျိုး ဗိုက်အောင့်တာမျိုး မကြာခန ဖြစ်တတ်တယ်။ ကံကောင်းစေရန် ထန်းလျက်ခဲ ခွေးကျွေးပါ။ ကံကောင်းစေသောဂဏန်း ၂ ၇ ၃ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

အင်္ဂါသားသမီးများအတွက်ဟောစာတမ်း

မြေအရောင်းအဝယ်ကိစ္စများ အဆင်ပြေ အောင်မြင်လာပါလိမ့်မယ်။ ဒါပေမဲ့ ငွေလူလိမ်ခံရတာမျိုး ကြုံတတ်တယ်။ လူတိုင်းကို မယုံပါနဲ့။ ဆိုင်ခန်း အရောင်းအဝယ် စားသောက်ဆိုင်လုပ်ငန်းများ ပြန်လည် အရောင်းအဝယ်ဖြစ်လာပါမယ်။ အိမ်ပြုပြင်ရာမှာ အခက်အခဲလေးအနည်းငယ် တွေ့ရပါမယ်။ နာရေးနှင့် ပက်သက်ပြီး သွားလာခြင်းတော့ ဆင်ခြင်ပါ။ အသုဘပို့ခြင်းရှောင်ပါ။ အကယ်လို့ မဖြစ်မနေသွားရပါက အိမ်ရောက်လျှင် သရော်ကင်မွန်း ဖြင့် ခေါင်းလျှော်လိုက်ပါ။

ကိုယ့်ရဲ့လုပ်ငန်းထဲမှာ အောက်လက်ငယ်သား နှောင့်ယှက်လို့ စိတ်ပူပင်သောက ရောက်နေရတတ်တယ်။ ရာထူးကိစ္စ အထက်လူကြီးရဲ့ ကူညီမှုတွေ ရပါမယ်။ အဆင်ပြေ ချောမွေ့သွားပါလိမ့်မယ်။ လူမျိုးခြား ဘာသာခြားတော့ သတိပြုပါ။ ရန်ပေါ်တတ်ပါတယ်။

ချစ်သူအိမ်ထောင်ဖက်အပေါ်ကိုတော့ စိတ်ရှည်သည်းခံပါ။ ခြေ လက် ထိခိုက်ဒဏ်ရာ ရတာမျိုး ကြုံတတ်ပါတယ်။ ကံကောင်းစေရန် အုန်းထမင်း ကပ်လှူပါ။ ကံကောင်းစေသောဂဏန်း ၃ ၈ ၄ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

ဗုဒ္ဓဟူးသားသမီးမျာအတွက်ဟောစာတမ်းး

ကိုယ့်အပေါ် မနာလိုတဲ့ သူတွေ ရှိနေတယ်။ ကိုယ့်ရဲ့ အနီးနားကပဲ ဖြစ်ပြီတော့ ဆွေမျိုး ထဲကပဲ ဖြစ်တတ်တယ်။ အတိုက်အခိုက် အနှောင့် အယှက်လေးတွေ ပေးပါလိမ့်မယ်။ လုပ်ငန်းတူများ စပ်တူလုပ်ငန်းများ မလုပ်ပါနဲ့။ ရှယ်ယာလုပ်ငန်းများလဲ မလုပ်ပါနဲ့။

စက်ပစ္စည်းအသစ် မဝယ်ပါနဲ့။ အဟောင်းက်ုပဲ ပြန်လည်ပြုပြင်သုံးပါ။ ငွေကြေးကိစ္စတွေ တော့ ပြေပာဆို အောင်မြင်ပါလိမ့်မယ်။ အထက်လူကြီးများရဲ့ ကူညီမှုကြောင့် အရာရာမှု အဆင်ပြေလာပါမယ်။ ဆုမဲပေါက်တာမျိနုး ဆုကြေးငွေရတာမျိုး ကြုံပါလိမ့်မယ်။ ကိုယ့်ရဲ့အိမ်နားမှာ မီးလှန့်တာမျိုး လျှပ်စစ်မီးနှင့် ပက်သက်တာမျိုး သတိထားပါ။

အိုးအိမ်ရောင်းဝယ်ခြင်း အိမ်ထောင်ရေးကိစ္စတွေမှာ အစစအရာရာ အဆင်ပြေလာပါလိမ့်မယ်။ ချစ်သူ နားလည်ပေးမှု ဝမ်းသာရပါလိမ့်မယ်။ လေနာရောဂါ လေဖြတ်တာမျိုးတွေ ကြုံတတ်ပါတယ်။ သတိထားစေချင်ပါတယ်။ ကံကောင်းစေရန် ခေါင်းအုံးတစ်လုံး ဘုန်းကြီးလှူပါ။ ကံကောင်းစေသောဂဏန်း ၄ ၉ ၅ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

ကြာသပတေးသားသမီးများအတွက်ဟောစာတမ်း

ဘုရားပုံတော်များ လက်ဆောင်ရခဲ့လျှင် ကိုယ့်အတွက် ကံကောင်းလာပါပြီ။ အလှူအတန်းကိစ္စတွေ မင်္ဂလာကိစ္စတွေ တွေ့ကြုူံလာရပါလိမ့်မယ်။ မရည်ရွယ်ထားတဲ့ ကိစ္စလေးတွေ အောင်မြင်တာမျိုးလဲ ကြုံတတ်ပါတယ်။ ရပ်တန့်ထားတဲ့ စက်မှု လက်မှု လုပ်ငန်းများ ရှိပါက ပြန်လည် လည်ပတ်နိုင်ပါလိမ့်မယ်။

စပ်တူရှယ်ယာလုပ်ငန်း လုပ်ကိုင်သူပါက အမြတ်အစွန်းတွေ ရပါမယ်။ ငွေကြေးကိစ္စတွေ သတိပြုပါ။ အာမခံတာမျိုး ချေးငှားတာမျိုးတော့ ရှောင်ပါ။ လူမျိုးခြား ကူညီမှုတွေရတတ်ပါတယ်။

အထက်လူကြီးရဲ့ မစ တာမျိုးတွေလဲ ခံရတတ်ပါတယ်။ အနောက်ဖက်က ဧည့်သည်မျိုးတော့ သတိထားပါ။ ကံဆိုးခြင်းတွေ ကြုံတတ်ပါတယ်။ လက်မခံပါနဲ့။ ချစ်သူရဲ့ အခက်အခဲလေးတွေကို ကိုယ်က ဖြေရှင်းပေးရင်းနဲ့ ဝမ်းသာရပါမယ်။ လည်ပင်းနာတာ ချောင်းဆိုးတာမျိုးတွေ မကြာခန ဖြစ်တတ်ပါတာယ်။ ကံကောင်းစေရန် ဇီးညွန့် ၃ ညွန့် လှူပါ။ ကံကောင်းစေသောဂဏန်း ၅ ၀ ၆ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

သောကြာသားသမီးများအတွက်ဟောစာတမ်း

ပညာရေးဝန်ဆောင်မှုလုပ်ငန်း မြေရောင်းဝယ်လုပ်ငန်း ဘဏ်လုပ်ငန်းများ စတငါအဆင်ပြေလာပါပြီး။ ကံကောင်းခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ အချစ်ရေး အိမ်ထောင်ရေးမှာ စိတ်နှစ်ခွ ဖြစ်ပြီးတော့ မပြတ်မသား ကြုံနေရပါမယ်။ ထီဝါသနာပါက ထီကံစမ်းပါ။ မနက် ၉ နာရီတွင်း တနင်္ဂနွေနံပါသော ထီဆိုင်တွင် သ ဟ အက္ခရာအတွဲ ဂဏန်းအနေနဲ့ ၇ ၅ ၁ အတွဲလိုက်ထိုးပါ။ ဘာသာရေးများများ လုပ်ပါ။ ချဲမထိုးပါနဲ့။

သိုလှောင်ကုန်ပစ္စည်းများ မှ အမြတ်အစွန်းတွေရပါမယ်။ အနည်းငယ်တော့ အပျက်အဆီးလေး ကြုံတတ်ပါတယ်။ ဒူးနာတာ နှလုံးအားနည်းတာနဲ့ ပက်သက်ပြီးတော့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိပါဘူး။ ခေတ္တ ခနပဲ ဖြစ်ပါတယ်။ ချစ်သူ အိမ်ထောင်ဖက်၏ ကိုယ့်အပေါ် ဂရုစိုက်ခြင်မျိုးလဲ ခံရတတ်ပါတယ်။ အချစ်ရေး ကံလဲ ကောင်းလာတတ်ပါတယ်။ ကံကောင်းစေရန် ယပ်တောင်မှာ ဒုက္ခ လို့ရေးပြီး ဘုရားကပ်လှူလိုက်ပါ။ ကံကောင်းစေသောဂဏန်း ၇ ၅ ၂ ၁ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

စနေသားသမီးများအတွက်ဟောစာတမ်း

ဒီအပတ်တွေမှာ အိမ်တွင်းရေးနှင့် မိသားစုရေးနှဲ့ ပက်သက်ပြီး စိတ်ပူပင်နေရတတ်ပါတယ်။ သားသမီး ကျန်းမာရေး မိဘကျန်းမာရေးဖြစ်တတ်တာမို့ သတိတော့ ပြုစေချင်ပါတယ်။ လုပ်ငန်းကြီးများ လုပ်ကိုင်ရန် မသင့်တော်သေးပါ။ ငွေအရင်းနှီးအများကြီး စိုက်ထုတ်ပြီး မလုပ်ပါနဲ့။ မမျှော်လင့်ပဲ ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။

မင်္ဂလာကိစ္စတွေ ကြားရတတ်ပါတယ်။ ကိုယ့်ရဲ့ဦးဆောင်မှုကြောင့် အဆင်ပြေ ချောမွေ့သွားတတ်ပါတယ်။ ဘာသာရေးနှင့် ပက်သက်တဲ့ အဆောင်ကောင်းတစ်ခုရတတ်ပါတယ်။ ဆုကြေးရတာမျိုး ငွေရတာမျိုးတွေလဲ ကြုံတတ်ပါတယ်။ အဆင်ပြေလာဖို့ ရှိပါတယ်။ လာဒ်လဲ ရွှင်လာပါလိမ့်မယ်။ ငွေလဲ ဝင်လာပါလိမ့်မယ်။

သိုလှောင်ကုန်ပစ္စည်းများ အမြတ်အစွန်းရရှိဖို့အတွက် မြန်မြန်ရောင်းထုတ်လိုက်ပါ။ ဆက်ပြီး မထားပါနဲ့။ ဆက်ပြီး ထားရင်တော့ အမြတ်အစွန်းနည်းတတ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေလာတဝာတွေ တွေ့ရပါတယ်။ စိတ်ရှည်သည်းခံလိုက်ပါ။ ကျန်းမာရေးအနေနဲ့။ နားအူ နားကိုက် ဖြစ်တတ်ပါတယ်။ ကံကောင်းစေရန် လုရားမှာ ပေါက်ပေါက်ဆုတ်လှူပါ။ ကံကောင်းစေသောဂဏန်း ၈ ၆ ၃ ဖြစ်ပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ကျွန်ုပ်မှဆန္ဒပြုလိုက်ပါသည်။

1875 Bay Din