News

“ထိုင်းထီ ဘတ် (၁၂) သန်းပေါက်တဲ့ မြန်မာဇနီးမောင်နှံက ဘတ်(၁) သန်းကို လိုအပ်တဲ့နေရာတွေမှာ လှူ”

ထိုင်းထီနှစ်စောင်တွဲ ထိုင်းဘတ်ငွေ(12)သန်း ကံထူးရှင်ဇနီးမောင်နှံက ဘတ်(11)သန်းကိုမြန်မာပြည်ပို့ပြီးကျန်ငွေ( 1 )သန်းကို နေရာစုံလိုက်လှူသွားတဲ့ စိတ်ဓာတ်ကို လေးစားလို့ ဒီပိုစ့်လေးဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

1/. .မဟာချိုင်ဝပ်ထစ် ရွှေတိဂုံစေတီပုံတူတည်နေသော နေရာသို့ ဘိလပ်မြေအိတ်များ…

2/—AAC. .ဂေဟာတွင် ခိုလှုံနေသော အခက်အခဲရှိ မြန်မာလုပ်သားများအား အလှူ

3/–လခမရသော AAC အမာခံအဖွဲ့သားများကိုတစ်ဦးချင်းထောက်ပံ့ငွေ ပေးခြင်း…

4/—ခြေလက်မသန်စွမ်းသူများအတွက် သုံးစွဲရန်လှူပေးခြင်း…

5/– AAC ​ဂေဟာရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံခြင်း

6/–AAC ​ဂေဟာရှိ ခင်ပွန်းသေဆုံးသူ အမျိုးသမီးများအား ထောက်ပံ့ခြင်း…

7/–သူငယ်ချင်းမိတ်ဆွေများနှင့် မြန်မာပြည်တွင်းထောက်ပံ့ရေး အတွက်ဆန်ဆီခေါက်ဆွဲငါးသေတ္တာဗူးများ

8/AAC. ရုံးရှိ အခက်အခဲရှိလုပ်သားများအတွက် ထိုင်းဘတ်ငွေ (100000)ဘတ်

9/..မြန်မာပြည်မှာ အမှုများရင်ဆိုင်ဖြေရှင်းနေသည့် AAC ဦးဆောင်သူ ကိုရဲမင်း အမှုကိစ္စများတွင် အသုံးပြုရန် သုံးသောင်းဘတ် သီးသန့်ထောက်ပံ့ပေးခြင်း…

/–အိမ်ပြန်ချင်တဲ့လုပ်သားများ လမ်းစရိတ်ကားခအစားအသောက်များကို တာဝန်ယူပြီးလှူသွားပေးတဲ့ထိုင်းထီကံထူးရှင်ဇနီးမောင်နှံရဲ့ ကုသိုလ်အားလုံးကိုသာဓုခေါ်ပေးသူတိုင်း နောက်အပတ်ထိုင်းထီများကံထူးရှင်များဖြစ်နိုင်ကြပါစေ…

ရုပ်သံကြည့်ရန်

ထိုင်းထီပထမဆုကြီးများပေါက်သော ကံထူးရှင်များကို AAC မှ ထီဆုငွေများ တာဝန်ယူ ထုတ်ပေးတာ အကြိမ်(20)ရှိပါပြီ….ထိုအထဲမှ ယခုလောက်ထိ ရက်ရက်ရောရောလှူဒါန်းသူဟာ ပထမဆုံးပါ…..

ကံထူးရှင်ဇနီးမောင်နှံအား လေးစားစွာဖြင့်….

ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ)ထိုင်းအခြေစိုက်အလုပ်သမားကူညီရေးကော်မတီ…