ရန်ကုန်၊၂၀၂၀နိုဝင်ဘာ၁၅ရက်
လှိုင်သာယာမြို့နယ်ခန်းမတွင်၆ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုဒေသခံများနိုင်ငံထောက်ပံ့ကြေးမရ၍ ပိတ်ဆို့ထားကြောင်းသိရသည်။
နိုဝင်ဘာ၁၅ရက်မနက်ပိုင်းတွင်မြို့နယ်ခန်းမတွင်ဖြစ်ပွားနေခြင်းဖြစ်ပြီး လူတစ်ရာကျော်ခန့်ကပိတ်ဆို့ကာ နိုင်ငံတော်ထောက်ပံ့ကြေးပေးရန်ရှိမရှိမေးမြန်းပိတ်ဆို့ထားခြင်းဖြစ်သည်။
“ဟိုအရင်ပေးတုန်းကလည်းမရဘူး။အခုလည်း စာရင်းပါတယ်။မပါဘူးလုပ်နေတယ်။မပေးလို့မရဘူးလေ။မပေးရင်သူ့ပေးမပြန်ဘူး”ဟု ၆ရပ်ကွက်ဒေသခံတစ်ဦးကလည်းဆိုသည်။
နိုင်ငံတော်မှနိုဝင်ဘာလအတွင်းStay at homeမြို့နယ်များတွင်နေထိုင်သည့်ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စုတစ်စုလျှင်ကျပ်လေးသောင်းပေးဝေရန် ငွေကြေးများထုတ်ပေးခဲ့သည်။
#Myanmar Harp Media မှကူးယူဝေမျှဖော်ပြပါသည်။