ဗဟုသုတ

“အိမ်ခေါင်မိုးတွေကို လမ်းအဖြစ် အသုံးပြုကြတဲ့ ကမ္ဘာကျော် တောင်လှေကားမြို့”

ကမ္ဘာကျော် တောင်လှေကားမြို့

အီရန်နိုင်ငံမြောက်ပိုင်းက တောင်ခါးပန်းမှာ တည်ထားတဲ့ မာဆူလာမြို့ကို တောင်လှေကားမြို့လို့လည်း ခေါ်ကြတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၃၄၀၀ ကျော်မှာတည်ရှိတဲ့ မာဆူလာမြို့ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားတဲ့နေရာပါပဲ။

တစ်အိမ်ပေါ် တစ်အိမ်ဆင့်ထားတဲ့ ဗိသုကာလက်ရာကြောင့်ပါ။

အောက်ထပ်အိမ်ခေါင်မိုးဟာ အပေါ်ထပ်အိမ်အတွက် မြေကွက်လပ်ပါပဲ။

အိမ်ခေါင်မိုးတွေကို လမ်းအဖြစ် အသုံးပြုကြပါတယ်။

မာဆူလာမြို့မှာ အဆောက်အအုံတွေကို ၂ ထပ် အများဆုံးပဲ ဆောက်ကြတာပါ။

တစ်နှစ်ပတ်လုံး တစ်နေ့တာရဲ့ ၃ ပုံ၊ ၁ ပုံလောက်က မြူဆိုင်းနေလို့ မြူကြားထဲမှာ မြင်ရအောင် အိမ်တွေကို အဝါရောင် (သို့) မြေဆီရောင် သုတ်ထားကြပါတယ်။

crd