ဗဟုသုတ

Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း

Bluetooth အမည်နောက်ကွယ်က သမိုင်းကြောင်း

၁၉၉၆ ခုနှစ်မှာ နည်းပညာလောကရဲ့ ဦးဆောင်သူတွေဖြစ်တဲ့ Intel ၊ Ericsson နဲ့ Nokia တို့က အီလက်ထရောနစ်ပစ္စည်းတွေကြား ချိတ်ဆက်နိုင်မယ့် တာတို ရေဒီယိုနည်းပညာကို စံနှုန်းသတ်မှတ်ဖို့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ စံနှုန်းမသတ်မှတ်ခင် သူတို့လုပ်ဆောင်နေတဲ့ တာတို ရေဒီယိုနည်းပညာကိုနာမည်တစ်ခု သတ်မှတ်ဖို့ စဉ်းစားခဲ့ကြပါတယ်။

အဲဒီအချိန်မှာ Intel ရဲ့ ကိုယ်စားလှယ် ဂျင်ကာဒက်ချ်က Bluetooth လို့ယာယီနာမည်ပေးဖို့အဆိုပြုခဲ့တာပါ။

Bluetooth ဆိုတာဗိုက်ကင်းဘုရင်ဟာရယ်ဂရွမ်ဆန်ကို ရည်ညွှန်းပြီး ရွေးချယ်ခဲ့တာပါ။

ပိုးစားနေတဲ့ သူ့သွားတွေက အလွန်မည်းနက်တာ (သို့) အလွန်ပြာနှမ်းနေတာကြောင့် သူ့ကို Bluetooth လို့ ချစ်စနိုးခေါ်ကြပါတယ်။

ဗိုက်ကင်းဘုရင် ဟာရယ်ဂရွမ်ဆန်ဟာ သက္ကရာဇ် ၉၅၈ ခုနှစ်မှာ နန်းတက်ခဲ့သူဖြစ်ပြီး သူ့လက်ထက်မှာ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံကို ပေါင်းစည်းနိုင်ခဲ့သူပါ။

တာတို ရေဒီယိုနည်းပညာကလည်း နည်းပညာလောကရဲ့ ဦးဆောင်သူတွေကို ပေါင်းစည်းစေခဲ့တဲ့ နည်းပညာဖြစ်လို့ Bluetooth လို့ ယာယီအမည်ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာ တခြားနာမည်တစ်ခုနဲ့ ပြန်ပြောင်းဖို့ စီစဉ်ခဲ့ကြပေမဲ့ Bluetooth အမည်က ပျံ့နှံ့သွားခဲ့ပြီး တခြားအမည်တစ်ခုကို အချိန်မီ ရှာဖွေနိုင်ခဲ့ခြင်း မရှိလို့ Bluetooth အမည်ကိုပဲ ဆက်သုံးခဲ့ကြတာပါ။

crd