ဗဟုသုတ

၁၈နှစ်အရွယ်သားဖြစ်သူက ပထမဆုံးအကြိမ် ရည်းစားနှင့်ချိန်းတွေ့နိုငိဖို့အတွက်နဲ့ ၂၆၀ ကီလိုမီတာရှိသောအကွာအဝေးကို ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးသည့် ဖခင်

၁၈နှစ်အရွယ်သားဖြစ်သူက ပထမဆုံးအကြိမ် ရည်းစားနှင့်ချိန်းတွေ့နိုငိဖို့အတွက်နဲ့ ၂၆၀ ကီလိုမီတာရှိသောအကွာအဝေးကို ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးသည့် ဖခင်

မြန်မာနိုင်ငံတွင်တော့ လူငယ်တိုင်းသည် ချစ်သူရည်းစားထားပြီဆိုပါက မိဘတို့မသိအောင်ထားကြရပြီး ချိန်းတွေ့နိုင်ရန်အတွက်ဆိုလျှင် လူသူမသိအောင်ပင် ခက်ခက်ခဲခဲကြိုးစားရတာဖြစ်ပါတယ်။

သို့သော်လည်း မလေးရှားနိုင်ငံမှ ဖခင်တစ်ဦးကတော့ သားဖြစ်သူက သူ၏ရည်းစားနှင့်ချိန်းတွေ့ရန်အတွက် ကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်သူများဖြစ်ကြပြီး ကောင်လေး၏ရည်စားဟာ ကွာလာလမ်ပူနှင့် ကီလိုမီတာ၂၆၀အကွာအဝေးရှိသော ဒေသတွင် နေထိုင်တာဖြစ်ပါတယ်။

ထို့ကြောင့် သားဖြစ်သူကို သူ၏ညီများနှင့်အတူ အဖော်ခေါ်သွား ဖခင်ဟာ ကားမောင်းပြီး လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။

ကောင်မလေးနှင့်တွေ့ဆုံချိန်တွင်လည်း အတွဲဓာတ်ပုံကို ရိုက်ကူးပေးခဲ့သေးတာဖြစ်ပါတယ်။

crd