အများအကျိုးဆောင်သူတစ်ဦးဖြစ်လာစေဖို့အတွက် သားဖြစ်သူအား Google လို့အမည်ပေးခဲ့တဲ့ ဇနီးမောင်နှံ
အင်ဒိုနီးရှားနိုင်ငံ West Java ရှိ အသက် ၃၁ နှစ်အရွယ် Andi Cahya Saputra အမည်ရှိ အမျိုးသား နှင့် အသက်၂၇ နှစ်အရွယ် Ella Karina အမည်ရှိအမျိုးသမီး တို့ ဇနီးမောင်နှံဟာ
သူတို့ရဲ့မွေးကင်းစကလေးငယ်ကို ကြိုဆိုခဲ့ကြပြီးနောက် အဆိုပါဇနီးမောင်နှံဟာ သူတို့ရွေးချယ်ခဲ့တဲ့ Google လို့ခေါ်တဲ့ အတုမရှိ Internet-inspired ခေါင်းစဉ်အမည်ကို သူတို့ကလေးအား အမည်ပေးခဲ့ကြပါတယ်။
“ကျွန်တောာ့်မှာ Microsoft, iPhone, iOS, Windows, နဲ့ အခြားနာမည်တွေနဲ့ ဘာသာတရားကနေ ရှေ့ဖြစ်ဟောသူတွေက ပေးလိုက်တဲ့နာမည်ကို ကျွန်တော်တို့ထည့်သွင်းစဉ်းစားသလို
ပုံမှန်အမည်အတွက်ကိုတော့ Albar Dirgantara Putra လို့ မှည့်ပေးဖို့ ကျွန်တော်တို့စဉ်းစားခဲ့ကြတယ်” လို့ Andi က ရှင်းပြခဲ့ပါတယ်။
Google နာမည်နှင့်ပတ်သက်ပြီး Andi ရဲ့ ဇနီးနှင့်ဖခင်တို့က သဘောမကျခဲ့ပေမဲ့ Andi က “Google က ကောင်းတဲ့အဓိပ္ပာယ်ရှိပြီး လူအများကြီးကို ကူညီနိုင်သလို အခြားသူတွေအတွက် အသုံးဝင်တဲ့သူဖြစ်လာနိုင်လိမ့်မယ်၊
ကျွန်တော်သားလေးက များစွာတဲ့လူတွေကို ဦးဆောင်နိုင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်လာမယ်လို့ ကျွန်တော်မျှော်လင့်တယ်” လို့ သူ့ဖခင်အား အကြောင်းစုံ ရှင်းပြခဲ့ပါတယ်။
crd