အသက် ၁၀၃ နှစ်ရှိပြီဖြစ်သော်လည်း အပတ်တိုင်း Gym ဆော့လေ့ရှိတဲ့ အဘွားအို
ကယ်လီဖိုးနီးယားပြည်နယ်က တရီဆာ မိုရီဆိုတဲ့အဘွားအိုဟာ တစ်ပတ်ကို (၃-၄) ကြိမ်လောက် သူ့ရပ်ကွက်အတွင်းက Gym ကို သွားကစားလေ့ရှိတာပါ။
သူက အခြားသူတွေလိုမဟုတ်ဘဲ မိတ်ကပ်အဖွေးသားနဲ့ Gym ဆော့တာပါ။ လက်ဝတ်ရတနာတွေလည်း ဝတ်ဆင်ထားပါသေးတယ်။ တရီဆာက အသက် ၁၀၃ နှစ်ရှိပါပြီ။
တရီဆာက သူ့ရဲ့အသက်အရွယ်ကို ဖီဆန်ပြီး လူငယ်တွေလုပ်သလိုပဲ ဝိတ်တွေမတယ်။
ပြေးစက်ပေါ်မှာ ပြေးတယ်။ အဘွားတရီဆာက Gym ဆော့တာဟာ သူ့ကို ခွန်အားတွေပေးတယ်လို့ မှတ်ယူထားတာပါ။
ဒါပေမဲ့ သူ့သမီးဖြစ်သူ ရှီလာ မိုရီကတော့ သူ့အမေဟာ စူးစမ်းလိုစိတ်ရှိတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် Gym သွားတာလို့ ထင်ထားတာပါ။
စူးစမ်းလိုစိတ်က Gym ဆော့ဖို့အတွက် ကြီးမားတဲ့လှုပ်ဆော်မှုဖြစ်တယ်။ Gym က သူ့အမေရဲ့ပျော်စရာနေရာဖြစ်တယ်လို့ ရှီလာက ဆိုပါတယ်။
အဘွားတရီဆာကို အီတလီမှာ မွေးဖွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။ သူဟာ ၁၉၄၆ ခုနှစ်မှာစစ်တပ်အရာရှိတစ်ဦးကိုလက်ထပ်ခဲ့တယ်။
အဲ့ဒီကတည်းက သူဟာ နိုင်ငံတော်တော်များများမှာ နေထိုင်ခဲ့ရပါတယ်။
Gym ဆော့တာအပြင် ကတ်ကစားတာနဲ့ အော်ပရာသွားရတာတွေလည်းကြိုက်ပါတယ်။ လူတိုင်းအတွက်အဘွားတရီဆာရဲ့အဓိကအကြုံပြုစကားက ကြံ့ခိုင်သန်မာမှုကို ထိန်းထားပြီး နောင်တကင်းစွာနဲ့ ဘဝကို ရှင်သန်ရပ်တည်ဖို့ပါပဲ။
ctrd