မိုးရွာသွန်းစေနိုင်တဲ့စက်ကို စတင်တီထွင်နိုင်ခဲ့တဲ့ အင်ဂျင်နီယာ
အာဂျင်တီးနား အင်ဂျင်နီယာ ဘိုင်ဂိုရီဟာ မိုးရွာသွန်းစေနိုင်တဲ့စက်ကို စတင်တီထွင်နိုင်သူအဖြစ် သတ်မှတ်ထားကြပါတယ်။
သတ္တုတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဘိုင်ဂိုရီဟာ ၁၉၂၆ ခုနှစ်က ဘိုလစ်ဗီးယားနိုင်ငံမှာ အလုပ်လုပ်နေရင်း မိုးရွာစေတဲ့စက်ကို ဖန်တီးမိခဲ့တာပါ။
ဒါပေမဲ့ အစပိုင်းမှာ သူ့စက်ကြောင့် မိုးရွာတယ်ဆိုတာကို သတိမထားမိခဲ့ပါဘူး။
၁၉၃၈ ခုနှစ်မှာတော့ သူ့စက်က မိုးရွာအောင် လုပ်နိုင်ပြီဆိုတာကို ဘိုင်ဂိုရီက သတင်းစာကနေ တရားဝင်ကြေညာခဲ့ပြီး မိုးခေါင်ရေရှားတဲ့ဒေသတွေမှာမိုးရွာအောင် လုပ်ပေးခဲ့ပါတယ်။
သူ့စက်ကို ဘယ်လို ထိန်းချုပ်ကိုင်တွယ်ရလဲဆိုတာ အစိုးရအာဏာပိုင်တွေက မေးမြန်းခဲ့ပေမဲ့ ဘိုင်ဂိုရီက မဖြေခဲ့ပါဘူး။
အဲဒီနောက်မှာတော့ ဘိုင်ဂိုရီဟာ လူမြင်ကွင်းကနေ ပျောက်သွားခဲ့ပြီး သူ့အကြောင်းရော၊ သူ့ရဲ့ မိုးရွာစေတဲ့စက်အကြောင်းရောမကြားရတော့ပါဘူး။
၁၉၇၂ ခုနှစ်မှာ ဘိုင်ဂိုရီ သေဆုံးခဲ့ပြီး သူ့စက်ကလည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တာ ဒီနေ့အထိပါပဲ။
crd