အပူလိုင်းဖြတ်တာကြောင့် မြစ်ထဲမှာ ငါးအကောင်ရေသန်းချီ ပေါလောပေါ်လာ
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေက တစ်နေ့ထက်တစ်နေ့ ပိုသိသာထင်ရှားလာပါပြီ။
သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် မီနင်ဒီမြို့မှာ အပူလှိုင်းဖြတ်လို့ ဒါလင်ဘာကာမြစ်ထဲမှာ ငါးအသေကောင် သန်းချီ ပေါလောပေါ်လာတာကို ပြီးခဲ့တဲ့သောကြာနေ့ နံနက်က မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မီနင်ဒီမြို့သမိုင်းမှာ ငါးအများဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှုလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပေမဲ့ သေဆုံးတဲ့ ငါးအရေအတွက်က ဒီလောက်တော့ မများခဲ့ပါဘူး။
crd