ဗဟုသုတ

အတောင့်တင်းဆုံးသစ်ရွက်(သို့) ဝိတိုရိယကြာရွက် အကြောင်း

အတောင့်တင်းဆုံးသစ်ရွက်(သို့) ဝိတိုရိယကြာရွက်

ဝိတိုရိယကြာပန်းပင်ရဲ့ အရွက်ကို ကမ္ဘာ့အတောင့်တင်းဆုံးသစ်ရွက်အဖြစ် သတ်မှတ်ထားကြပါတယ်။

ဝိတိုရိယကြာရွက်က အရွယ်အစား ကြီးမားသလို လေးလံတဲ့အရာတွေကိုပါ တင်ဆောင်ထားနိုင်စွမ်း ရှိပါတယ်။

ဗဟိုချက်ကနေ ဖြာထွက်နေတဲ့ အရွက်ကြောတွေကြောင့် အလေးချိန်ကို ပျံ့နှံ့သွားစေလို့ အခုလို အလေးချိန် တင်ခံနိုင်တာလို့ ဆိုကြပါတယ်။

ဝိတိုရိယကြာရွက်ဟာ ၁၀ ပေ အရွယ်အစားအထိ ကြီးထွားလာနိုင်စွမ်း ရှိပြီး ကလေးတစ်ယောက် ထိုင်နိုင်လောက်တဲ့အထိ တောင့်တင်းပါတယ်။

crd