အလေးချိန် ပေါင် ၃၀၀ နီးပါးရှိပြီး ဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံ
ဆွစ်ဇာလန်နိုင်ငံက မုန့်ဖုတ်သမားတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံးဝတ်ဆင်လို့ရတဲ့ ကိတ်မုန့်ဝတ်စုံကို ဖန်တီးပြီးတော့ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
နာတာရှကိုလင် ကင်မ်ဖာချ်လီဖိုကာစ်ဆိုတဲ့ အဲ့ဒီမုန့်ဖုတ်သမားက သူ (မ) ရဲ့လက်ရာကို ဘန်းန်မြို့က ဖက်ရှင်ပြပွဲတစ်ခုမှာ ပြသခဲ့ပါတယ်။
ကိတ်မုန့်ဝတ်စုံကို ပြထားတဲ့ သူ့ရဲ့အင်စတာဂရမ်ဗီဒီယိုကလည်း ကြည့်ရှုသူ ၁.၃ သန်းကျော်ရှိခဲ့ပါတယ်။
ပေါင် ၃၀၀ နီးပါးလေးတဲ့ ဒီကိတ်မုန့်ဝတ်စုံကို ပွဲတက်ရောက်သူတွေရှေ့မှာ ဝတ်ဆင်ပြခဲ့တာပါ။
ကမ္ဘာ့ဂင်းနက်စ်စံချိန် မှတ်တမ်းကလည်း ဒီဝတ်စုံကို “ကမ္ဘာ့အကြီးဆုံးဝတ်ဆင်လို့ရတဲ့ကိတ်မုန့်ဝတ်စုံ” အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အရင်ကလည်း နာတာရှက ပေါင် ၁၅၀ လေးတဲ့ကိတ်မုန့်ဝတ်စုံတစ်ခုကို ပြုလုပ်ပြီး စံချိန်ချိုးခဲ့ပါသေးတယ်။
ဒီစံချိန်တင်ကိတ်မုန့်ဝတ်စုံကို the Swiss World Wedding Fair ဖက်ရှင်ရှိုးနောက်ဆုံးရက်အတွင်း ထုတ်ပြခဲ့တာပါ။
အဲ့ဒီနောက် ကိတ်မုန့်ဝတ်စုံကို လှီးပြီး ဖက်ရှင်ရှိုးက ဧည့်သည်တွေကို ဝေပေးခဲ့ပါတယ်။
crd