နွားများရဲ့တင်ပါးပေါ်မှာ မျက်လုံးအတုပန်းချီဆွဲခြင်းက တောရိုင်းတိရိစ္ဆာန်များရဲ့တိုက်ခိုက်ခြင်းမှ ကယ်တင်ပေးကြောင်း သုတေသီများက ပြောကြားခဲ့
တိရိစ္ဆာန်ထိန်းသိမ်းရေးသမားများဟာတောရိုင်းတိရိစ္ဆာန်များရှင်သန်ကြီးထွားလာစေရန်ကဏ္ဍပေါင်းစုံတွင်အဆက်မပြတ်လုပ်ဆောင်နေကြပါတယ်။
သို့ပေမဲ့ထပ်တူထပ်မျှ အရေးကြီးတဲ့နယ်ပယ်များစွာမှာ တောရိုင်းတိရိစ္ဆာန်နှင့် လူသားတို့ကြား အပြန်အလှန် အကျိုးပြုမှုမှာနောက်ထပ် ကြီးမားသောပဋိပက္ခတစ်ခုရှိနေပါတယ်။
၎င်းကတောရိုင်းတိရိစ္ဆာန်များက မွေးမြူရေးတိရိစ္ဆာန်များကို သတ်ဖြတ်၍လက်တုံ့ပြန်ခြင်းကမကြာခဏဖြစ်ပျက်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။
ကျေးဇူးတင်စွာနဲ့ University of South Wales မှ သုတေသီများက မွေးမြူရေးတိရိစ္ဆာန်များအား တောရိုင်းတိရိစ္ဆာန်များရန်မှ ကာကွယ်ရန် ကူညီရန် ထိုးဖောက်မဝင်နိုင်တဲ့နည်းလမ်းကို တီထွင်ပေးခဲ့ကြပါတယ်။
ထို့ကြောင့် Botswana သားကောင်များ ထိန်းသိမ်းရေးနှင့် ဒေသတွင်း မွေးမြူသူတို့နှင့် လက်တွဲကာ သုတေသီများဟာ ကျွဲနွားများရဲ့တင်ပါးနောက်ဘက်တွေမှာ မျက်လုံးအမဲစက်များ ခြယ်သထားရင် ဘာဖြစ်သွားမှာကို လေးနှစ်ကြာ လေ့လာခဲ့ကြပါတယ်။
ရလဒ်တွေကလည်းအံ့ဩစရာပါဘဲ။ တင်ပါးမှာမျက်လုံးများခြယ်သထားတဲ့ နွားများဟာ အမှတ်အသားမရှိ သို့မဟုတ် ရိုးရှင်းတဲ့ cross အမှတ်အသားများဖြင့် ခြယ်သထားတဲ့နွားများထက် အသက်ရှင်နိုင်ခြေ ပိုများနေခဲ့ပါတယ်။
ဤစိတ်ဝင်စားဖွယ် နှင့် ဆန်းသစ်တဲ့ဖြေရှင်းချက်က မတူညီသောမျိုးစိတ်များစွာတွင် ရှိနှင့်ပြီးသားဖြစ်သော ခုခံကာကွယ်မှုပုံစံကို အသုံးပြုထားပါတယ်။
ဂရုတစိုက်လေ့လာပြီးနောက် ခြင်္သေ့များသည် မွေးမြူရေးတိရိစ္ဆာန်များကိုတိုက်ခိုက်သည့် အဓိကသားကောင်များဖြစ်ကြောင်းသုတေသီများကမှတ်ချက်ပြုခဲ့ပြီး ၎င်းတို့ရဲ့သားကောင်ကို ခုန်ပေါက်ဖို့ အံ့အားသင့်စရာ ဒြပ်စင်ကို အသုံးပြုထားတဲ့ ဒီခြင်္သေ့တွေကို ဆေးခြယ်ထားတဲ့ မျက်လုံးတွေက ဟန့်တားပေးနေခဲ့ပါတယ်။
၎င်းဟာ ထိန်းသိမ်းရေးမြေနယ်နိမိတ်တွင်နေထိုင်တဲ့ တောင်သူလယ်သမားများကို ကူညီပေးနိုင်သည့် သိသာထင်ရှားသော တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။
တောရိုင်းတိရိစ္ဆာန်များက လယ်ယာမြေအတွင်းသို့ လွတ်လပ်စွာကူးသန်းနိုင်ပြီး အဖိုးတန်မွေးမြူရေးတိရိစ္ဆာန်များကို သတ်ဖြတ်နိုင်တာကြောင့် အဆိုပါဒေသများဟာ ပဋိပက္ခများ နှင့် ရင့်မှည့်နေပါပြီ။
ထို့နောက် လယ်သမားအများစုက ၎င်းတို့၏ နွားအုပ်များကို ကာကွယ်ခြင်းဟူသောခေါင်းစဉ်ဖြင့်တောရိုင်းတိရိစ္ဆာန်များကိုသတ်ရန်တရားမဝင်နည်းလမ်းများဆီသို့
ကူးပြောင်းသွားတတ်ကြတာကြောင့်ဤရိုးရှင်းသောလုပ်ဆောင်ချက်ကိုလိုက်နာခြင်းဖြင့်၎င်းတို့ဟာတောရိုင်းတိရိစ္ဆာန်များကိုအန္တရာယ်မပေးဘဲ၎င်းတို့၏မွေးမြူရေးတိရိစ္ဆာန်များကိုကယ်တင်နိုင်မည်ဖြစ်ပါတယ်။
ဒီနည်းပညာက ဘယ်လောက်အစွမ်းထက်လဲဆိုတော့ လေးနှစ်လေ့လာမှုကာလအတွင်း ပန်းချီဆွဲခြင်းပေါင်း ၄၉ ခုတွင် နွားအကောင်ရေ ၂၀၆၁ ကောင်ကို သုံးပုံတစ်ပုံ ခွဲထားပြီး အပိုင်းတစ်ပိုင်းကို ဆေးခြယ်ထားသောမျက်လုံးများကို ဆွဲထားပေးခဲ့ပြီး ၊
နောက်တစ်ပိုင်းကိုတော့ ရိုးရိုး cross အမှတ်အသား ဆွဲပေးခဲ့သလို ကျန်တစ်ပိုင်းကိုလည်း ဘာအမှတ်အသားမှ မဆွဲထားခဲ့ပါဘူး။
ထို့နောက်မျက်လုံးဆေးခြယ်ထားတဲ့နွားအကောင်ရေ ၆၈၃ ကောင်တွင် လေးနှစ်တာကာလအတွင်း တစ်ကောင်မျှ မသေဆုံးခဲ့ပါဘူး။
ဆေးမခြယ်ထားတဲ့ နွား ၈၃၅ ကောင်အနက် အကောင် ငါးဆယ်ဟာ ခြင်္သေ့တွေရဲ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး cross လုပ်ထားတဲ့ နွား ၅၈၃ ကောင်အနက် လေးကောင်ကလည်း သေဆုံးသွားခဲ့ပါတယ်။
သို့ပေမဲ့ သုတေသီများက ၎င်းနည်းပညာကို သက်သေပြဖို့ အခိုင်လုံဆုံး နည်းလမ်းမရှိသေးပေမဲ့ နွားများ၏ တန်ဖိုးအရှိဆုံး အင်္ဂါများကို နွားရဲ့ခန္ဓာကိုယ်မှာပန်းချီဆွဲရန် အကြံပြုခဲ့ကြပါတယ်။
ခြင်္သေ့များက အဟန့်အတားကို အသုံးချကာ မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိနေပါတယ်။သို့ပေမဲ့ ကုန်ကျစရိတ်သက်သာသည့်နည်းပညာက လယ်သမားများနှင့် တောရိုင်းတိရိစ္ဆာန်များကြား
ငြိမ်းချမ်းရေးကို ထိန်းထားရန် အဖိုးတန်ကိရိယာတစ်ခုဖြစ်နေဆဲဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များ သဟဇာတဖြစ်အောင် နေထိုင်နိုင်ပုံကို ဒေသခံလူထုအား ပညာပေးခြင်းအတွက် နောက်ထပ်ခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။
crd