နေမကောင်းဖြစ်နေတဲ့ သခင်ဘေးကနေ ထွက်မသွားလို့ လူနာတင်ယာဉ်နဲ့ တင်ခေါ်သွားခဲ့ရတဲ့ခွေးလေး (၂) ကောင်
သခင်တွေအပေါ်ထားရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့သစ္စာတရားကြီးမားမှုကတော့ အကန့်အသတ်မရှိလောက်အောင်ပါပဲ။
ခွေးလေး (၂) ကောင်ဖြစ်တဲ့ ဘော့ဘ် (Bob) နဲ့ ချီအာရာ (Chiara) တို့ကတော့ အဲဒါရဲ့စံနမူနာကောင်းတစ်ခုပါပဲ။
နိုဝင်ဘာ ၁ ရက်နေ့မှာ သူတို့ရဲ့သခင်ဟာ အကြောဆွဲပြီး သတိလစ်သွားလို့ လူနာတင်ယာဉ်နဲ့ ဆေးရုံသို့ခေါ်ဆောင်သွားဖို့လုပ်တော့
သူတို့ (၂) ကောင်က လူနာတင်ယာဉ်ထဲက သခင်ရဲ့ဘေးကနေ ဘယ်လိုပဲ မောင်းထုတ်မောင်းထုတ် ထွက်မသွားခဲ့ပါဘူး။
ဆေးရုံဝန်ထမ်းတွေလည်း မတတ်နိုင်တဲ့အဆုံး ဘော့ဘ်နဲ့ ချီအာရာတို့ကို သူ့သခင်နဲ့အတူ လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ရပါတယ်။
ဘော့ဘ်နဲ့ ချီအာရာရဲ့သခင်ဖြစ်သူက အသက် ၄၇ နှစ်အရွယ် ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေစုဆောင်းတဲ့ ဟိုဆေး အန်တိုနီယို (Jose Antonio) ဖြစ်ပါတယ်။
သူ့ကို ဘရာဇီးနိုင်ငံ ၊ ဘာရူမြို့က Mobile Emergency Care Service က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကယ်တင်ခဲ့တာပါ။
ဟိုစီပါလာနာ (Josy Plana) (လူနာတင်ယာဉ်မောင်းသမား) နဲ့ သူနာပြု မာရီရာ ဒီ လော်ဒက်စ် ပါရီရာ (Maria de Lourdes Pereira) က အန်တိုနီယိုဆီ ရောက်သွားတော့ မြေကြီးပေါ်မှာ လဲနေတာကို တွေ့ခဲ့ရတာပါ။
ဘော့ဘ်နဲ့ ချီအာရာတို့က အန်တိုနီယိုကို ကာကွယ်ပေးနေတဲ့အတွက် သူ့နားကို ချက်ခြင်းမကပ်နိုင်ခဲ့ပါဘူး။
လူနာတင်ယာဉ်ဝန်ထမ်းတွေက ဟိုဆေးကို ရှေ့ဉီးသူနာပြုစုဖို့အတွက် ခွေးလေးတွေ သူတို့ကို ရန်မပြုအောင် လုပ်ခဲ့ရပါတယ်။
ခွေးလေးတွေက တစ်ချိန်လုံး သူ့သခင်ရဲ့ဘေးမှာ နေခဲ့တာပါ။
အန်တိုနီယိုကို လူနာတင်ယာဉ်ပေါ်တင်တော့ ခွေး (၂) ကောင်က လူနာတင်ယာဉ်ပေါ် ခုန်တတ်ခဲ့ပြီး မျက်စိအောက်ကနေ အပျောက်မခံခဲ့ပါဘူး။
ဟိုဆီနဲ့ မာရီယာတို့လည်း ခွေးလေးတွေ လူနာတင်ယာဉ်နောက်ကနေ ပြေးလိုက်ရင် ထိခိုက်ဒဏ်ရာရမှာဆိုးတဲ့အတွက် ရွေးချယ်စရာမရှိလို့ သူတို့နဲ့အတူ ခေါ်ဆောင်လာခဲ့ရတာပါ။
ဘော့ဘ်နဲ့ ချီအာရာတို့ကို ဆေးရုံထဲဝင်ခွင့်တော့မပေးခဲ့ပါဘူး။ ဒါကြောင့်အရေးပေါ်အခန်းအပြင်ဘက်ကနေသူတို့ရဲ့သခင်ကို တစ်ညလုံးစောင့်ဆိုင်းနေခဲ့ပါတယ်။
နောက်တစ်နေ့ မနက်အစောကြီးမှာ သူတို့ရဲ့သခင် အန်တိုနီယိုက ဆေးရုံကဆင်းခဲ့ပြီး သူ့ရဲ့သစ္စာတရားကြီးမားတဲ့ခွေးလေးတွေနဲ့ ပြန်တွေ့နိုင်ခဲ့ပါတယ်။
crd