လူကြီးမိဘတို့၏ ဝတ်စားပုံတွေကို အတုယူလိုက်လုပ်တတ်ကာ ဖခင်၏ဂျင်းဘောင်းဘီကို မရမကယူဝတ်ပြီး သဘောကျနေခဲ့သည့် သမီးငယ်လေး
လူကြီးမိဘများသည် နောင်မျိုးဆက်သစ်ကလေးငယ်များ၏ ရှေ့ဆောင်လမ်းပြများဖြစ်ကြပါတယ်။
လူ့လောက၏အကြောင်းကိုမသိရှိသေးသော ကလေးငယ်လေးများသည် လူကြီးသူမများ၏ အနေအထိုင်အပြောအဆို အစရှိသဖြင့် အရာအားလုံးကို လိုက်လံအတုခိုးပြီး လုပ်ဆောင်နေတတ်ကြပြီဖြစ်ပါတယ်။
ယခုတွင်လည်း ၂နှစ်အရွယ်သာရှိသေးသည့် သမီးငယ်လေးတစ်ဦးသည် ဖခင်ဖြစ်သူ၏ဂျင်းဘောင်းဘီကို အရွယ်နှင့်မလိုက်သော်လည်း ယူဝတ်နေခဲ့ပါတယ်။
ဖခင်၏ဝတ်စားပုံကို သဘောကျပြီး ဂျင်းဘောင်းဘီကို လိုက်ဝတ်နေခဲ့တာဖြစ်ပါတယ်။
ကလေးဟာ ဂျင်းဘောင်းဘီကို ယူဝတ်ပြီး ပခုံးအထိရောက်ရှိနေသည့် ဘောင်းဘီးစတိုင်ကြောင့် ပိုးတုံးလုံးလေးတစ်ကောင်လို ချစ်စရာကောင်းနေခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း ဂျင်းဘောင်းဘီဝတ်ထားတာကို အလွန်သဘောကျပြီး ပျော်ရွင်နေခဲ့တာဖြစ်ပါတယ်။
crd