ရေမချိုးချင်လို့ သခင်မသိအောင် ရေချိုးတဘက်နောက်ကွယ်မှာ ပုန်းနေခဲ့ကြတဲ့ ခွေးလေးနှစ်ကောင်
Theresa Milke အမည်ရှိအမျိုးသမီးမှာ Sullivan နှင့် Sampson လို့ခေါ်တဲ့ ခွေးနှစ်ကောင်ရှိပြီး သူတို့က ညီအစ်ကိုများဖြစ်ကြပါတယ်။သို့ပေမဲ့ Sullivan နှင့် Sampson တို့ဟာ ရေထဲလှုပ်ရှားမှုများနှင့်ပတ်သက်လာလျှင် ကွဲပြားတဲ့အမြင်တွေရှိနေပါတယ်။Sullivan က ရေကူးတာကိုနှစ်သက်ပေမယ့် သူဟာ Sampsonလိုပဲရေချိုးရတာကိုမုန်းပါတယ်။
သူတို့ကို ရေချိုးပေးဖို့အဆင်သင့်ဖြစ်ပြီဆိုတာကိုသိရင် သူတို့ဟာ ဆိုဖာပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာမြဲမြံစွာနေပြီးပြောင်းရွှေ့ဖို့လုံးဝငြင်းဆန်နေတတ်ပါတယ်။တစ်နေ့တော့ သခင်ဖြစ်သူက ခွေးနှစ်ကောင်စလုံးကို ရေချိုးပေးဖို့ ရေချိုးခန်းထဲမှာ သူမနှင့်အတူ တံခါးပိတ်ထားပြီးနောက် သူတို့ကို ရေချိုးစည်ထဲသို့ ဝင်ခိုင်းခဲ့ပေမဲ့ သူမနောက်လှည့်ကြည့်လိုက်တဲ့အခါ ခွေးလေးနှစ်ကောင်စလုံးကို ရယ်စရာအကောင်းဆုံးအနေအထားနဲ့ မြင်တွေ့ခဲ့ရတယ်လို့ Mike ကဆိုပါတယ်။
” သူတို့ထဲက တစ်ယောက်ကို စည်ပိုင်းထဲဝင်ဖို့ပြောမို့ လုပ်တုန်း ငါနောက်လှည့်ကြည့်လိုက်တော့ သူတို့နှစ်ကောင်စလုံးကရေချိုးတဘက်နောက်မှာပုန်းနေကြတာကို မြင်လိုက်ရတယ်” လို့ Milke က ပြောခဲ့ပြီး သူမဟာ သူမဖုန်းကို အလျင်အမြန်ထုတ်ကာ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ဗီဒီယိုထဲအရ Milkeက ရေချိုးသဘက်ကိုဖယ်လိုက်တဲ့အခါ ခွေးလေးတွေဟာ ချွေးတွေထွက်ပြီး သူမကို မျက်လုံးကလည်ကလည်နဲ့ ပြန်ကြည့်နေခဲ့ပါတယ်။
ပုံမှန်အားဖြင့် Sullivan က Sampson ရဲ့နောက်ကွယ်မှာပုန်းနေတတ်ပြီး Sullivan ကို ရေချိုးစည်ထဲဝင်လာအောင်လုပ်ဖို့ အချိန်အတော်အကြာယူခဲ့ရပြီး နောက်ဆုံး Sampson က Sullivan ထက် အရင်ရေချိုးစည်ထဲဝင်လိုက်ရကြောင်း Milleက ပြောပြခဲ့ပါတယ်။
Milkeက ခွေးလေးတွေဟာ အမြဲတမ်း သူတို့ရဲ့ရေချိုးတဲ့အချိန်မှာ ချစ်စဖွယ်ကောင်းတဲ့ သူတို့ရဲ့ပုန်းကွယ်မှုနှင့် ရေချိုးရန်ခြောက်ခြားနေတဲ့ သူတို့ရဲ့ ပုံစံက သူမတို့တစ်မိသားစုလုံးအတွက် ပျော်စရာကောင်းတဲ့ ဖျော်ဖြေမှုတစ်ခုလို ဖြစ်နေပြီး အားလုံးပျော်ရွှင်နေရတယ်လို့လည်း ဆိုပါသေးတယ်။
crd