News

ကျောင်းသားကျောင်းသူတွေကို စာသင်ပေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဆရာလိုင်စင်စာမေးပွဲကို 25 ကြိမ်တိတိဖြေဆိုခဲ့တဲ့ ဆရာမတစ်ဦး

ကျောင်းသားကျောင်းသူတွေကို စာသင်ပေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဆရာလိုင်စင်စာမေးပွဲကို 25 ကြိမ်တိတိဖြေဆိုခဲ့တဲ့ ဆရာမတစ်ဦး

Dr. Willie Ong နှင့် Dr. Lisa တို့ရဲ့ Facebook ရှိတင်ထားတဲ့ဗီဒီယိုတစ်ခုမှာ Panguelo အမည်ရှိဆရာမတစ်ဦးရဲ့မယုံကြည်နိုင်လောက်တဲ့ကြိုးစားအားထုတ်မှုကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဆရာမ Panguelo ဟာ 1987 ခုနှစ်မှာကျောင်းပြီးခဲ့ပြီး ထိုအချိန်၌ အစိုးရကလည်းအလွန်တင်းကျပ်ခြင်းမရှိတာကြောင့်

သူမက ချက်ချင်းပဲဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းရဲ့အစိတ်အပိုင်းအသီးသီးတွင်နေထိုင်ကြတဲ့ဖိလစ်ပိုင်ဌာနေတိုင်းရင်းသားများဖြစ်တဲ့ Aeta တိုင်းရင်းသားကလေးများကို စာသွားသင်ပေးခဲ့ပါတယ်။

ထိုခေတ်ကာလတုန်းက LET စာမေးပွဲမအောင်မြင်သေးတဲ့ဆရာများကပင် စာသင်ကြားခွင့်ရတဲ့ခေတ်ဘဲဖြစ်ပါတယ်။

သို့ပေမဲ့ ဆရာမ Panguelo က 1990ခုနှစ်မှာ LET စာမေးပွဲကို စတင်ဖြေဆိုခဲ့ပေမဲ့ သူမ မအောင်မြင်ခဲ့ပါဘူး။

2010 ခုနှစ်မှာအစိုးရကကျောင်းရှိသင်ကြားရေးဆိုင်ရာမှာလိုင်စင်ရဆရာများကသာသင်ကြားရမဲ့ဥပဒေအား ပြဋ္ဌာန်းခဲ့ပြီး စည်းကမ်းပိုမိုတင်းကျပ်စေခဲ့ပါတယ်။

ထို့ကြောင့် ဆရာမ Panguelo ဟာ ထိုအရာက သူမကိုအရှက်ကွဲစေသလိုခံစားရစေသလို ကျောင်းသားတွေကိုလည်း ဆက်လက်ပြီးပညာသင်ကြားပေးလိုတဲ့စိတ်နဲ့

အရှုံးမပေးဘဲ ဆန့်ကျင်ဘက်အနေနှင့် သင်ကြားခွင့်လိုင်စင်ရရန်အတွက် ဒီနှစ်မအောင်လည်း နောက်နှစ်အောင်အောင် ပိုမို ဆက်လက်ကြိုးစားခဲ့ပါတယ်။

LET စာမေးပွဲကိုအောင်မြင်ရန် အိပ်မက်ရှည်ကြီးမက်ခဲ့တဲ့ ဆရာမ Panguelo ဟာ 2016 ခုနှစ်မှာတော့ သူမရဲ့25 ကြိမ်မြောက်စာမေးပွဲကိုအောင်မြင်ခဲ့ပါတယ်။

ဆရာမ Panguelo ဟာ လိုင်စင်ရဆရာဖြစ်လိုတဲ့အခြားသူများကိုလည်း စိတ်ပျက်အားငယ်မသွားစေရန်နှင့် LET ရရှိရန် ပိုမိုကြိုးစားလုပ်ဆောင်ဖို့လည်း အကြံပြုတိုက်တွန်းခဲ့ပါတယ်။ ”

မင်းလဲကျရင် ပြန်ထပါ။

တစ်ချက်တည်းနဲ့ အောင်မြင်တာမဟုတ်ဘဲ ရိုးသားမှု၊ ကြိုးစားမှုနဲ့ ဇွဲရှိမှုတို့လည်း လိုအပ်ပါတယ်”လို့ဆရာမ Pangueloက ဆက်ပြောကြားခဲ့ပါတယ်။

ယနေ့မှာ ဆရာမ Panguelo ဟာ Tarlac မြို့Tarukan မူလတန်းကျောင်းရှိ Aeta တိုင်းရင်းသားကလေးငယ်များကို ဆက်လက် ပညာ သင်ကြားပေးနေလျက်ရှိပါတယ်။

အောင်မြင်ပြီး ပြည့်စုံတဲ့ဆရာသမားတစ်ဦးဖြစ်လာရန် ဆရာမ Panguelo ရဲ့စိတ်ပိုင်းဖြတ်ချက်ဟာ အမှန်တကယ်ပင် အထင်ကြီးစရာကောင်းပါတယ်။

crd