နံပါတ်တူထီလက်မှတ်ကို မတော်တဆ (၂) ခါ ဝယ်ယူမိပြီး ထီဆုကြီး (၂) ဆု ပေါက်ခဲ့တဲ့အမျိုးသား
မြောက်ကာရိုလိုင်းနားပြည်နယ်က စကော့တီ သောမတ်စ် (Scotty Thomas) ဆိုတဲ့အမျိုးသားတစ်ဉီးဟာ Lucky for Life ထီကံစမ်းမှုကနေ ထီလက်မှတ်ဝယ်ယူခဲ့လား မဝယ်ယူခဲ့လား
မသေချာတာကြောင့် နောက်ထပ် အွန်လိုင်းဖောင်တစ်ခု ထပ်ဖြည့်ကာ ဝယ်ယူမိခဲ့ပါတယ်။ အဲဒီလို နံပါတ်တူထီလက်မှတ်ကို (၂) ခါ ဝယ်ယူမိခဲ့တာကြောင့်ပဲ ထီဆုကြီး (၂) ဆုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
“ကျွန်တော် ကုတင်ပေါ် လဲလျောင်းပြီး တီဗီကလာတဲ့ ဘတ်စကက်ဘောဂိမ်းကို ကြည့်နေခဲ့တယ်။ အွန်လိုင်းဖောင်ဖြည့်ပြီး ထီလက်မှတ်ဝယ်ယူခဲ့လား မဝယ်ယူခဲ့လား မမှတ်မိခဲ့ဘူး။
အဲဒါနဲ့ ကျွန်တော် အွန်လိုင်းဖောင် နောက်တစ်ခေါက် ထပ်ဖြည့်ခဲ့တယ်။
နောက်နေ့မနက်မှာ ကျွန်တော့်သားက မေးတယ်။
ဘာလို့ စာရင်းမှာ မတူတဲ့ပမာဏ ၂ ခုရှိနေတာလဲတဲ့။ “ကျွန်တော်နှစ်ခါ ဖြည့်မိလိုက်ပြီ” လို့ ကျွန်တော်နားလည်လိုက်တယ်”လို့ စကော့တီ သောမတ်စ်က ပြောပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ ထီထွက်တဲ့နေ့မှာ သောမတ်စ်က မတော်တဆ (၂) ခါထိုးမိခဲ့တဲ့ ထီလက်မှတ်တွေကနေ ထီဆုကြီး (၂)ဆု ပေါက်ခဲ့ပြီး ထီလက်မှတ်တစ်စောင်စီနဲ့ တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။
အဲဒီဆုက Lucky for Life ထီရဲ့ဒုတိယအကြီးဆုံးဆုကြီးဖြစ်ပါတယ်။
“ကျွန်တော်ထီပေါက်တယ်ဆိုတာသိလိုက်ရတဲ့အခါ တကယ်ကို မယုံကြည်နိုင်လွန်းလို့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့တယ်။ ဒါက ကောင်းချီးတစ်ခုပါပဲ” လို့ သောမတ်စ်က ပြောပါတယ်။
သောမတ်စ်က နှစ်စဉ်ငွေချေပေးတာမျိုး မလိုချင်တဲ့အတွက် လက်မှတ် (၂) စောင်လုံးအတွက် ဒေါ်လာ ၇၈၀,၀၀၀ကို တစ်လုံးတစ်ခဲတည်းယူဖို့ ရွေးချယ်ခဲ့ပါတယ်။
အခွန်ဆောင်ပြီးတဲ့နောက်မှာတော့ ဒေါ်လာ ၅၅၁,၈၅၁ ပဲ အသားတင်ရရှိခဲ့ပါတယ်။
ထီပေါက်တဲ့ငွေတွေကို သူ့ရဲ့စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်သလို ဘေလ်ပေးဆောင်ပြီး မိသားစုကိုလည်းကူညီချင်တယ်။ အိမ်လည်းဝယ်ချင်တယ်လို့ သောမတ်စ်က ဆိုပါတယ်။
crd