News

လမ်းဘေးခွေးလေးတွေ မွေးစားခံရစေဖို့အတွက် စနေနေ့တိုင်း ရေချိုးသန့်စင်ပေးလေ့ရှိတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေး

လမ်းဘေးခွေးလေးတွေ မွေးစားခံရစေဖို့အတွက် စနေနေ့တိုင်း ရေချိုးသန့်စင်ပေးလေ့ရှိတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေး

မွေးစားမယ့် သခင်ကို မျှော်နေကြတဲ့ အစွန့်ပစ်ခံခွေးတော်တော်များများရှိကြပါတယ်။

မိမိခေါ်ယူမမွေးနိုင်ရင်တောင် လမ်းဘေးခွေးတွေကို အစာကျွေးမွေးပေးလို့ရပါတယ်။ လမ်းဘေးခွေးတွေကို အစာကျွေးတာက ကုသိုလ်ရတယ်လို့ လူတော်တော်များများပြောကြတာကြားဖူးမယ်ထင်ပါတယ်။

ဘရာဇီးနိုင်ငံက အသက် ၁၁ နှစ်ကောင်လေး သီအာဂို (Thiago) ဆိုရင်လည်း လမ်းဘေးခွေးလေးတွေရဲ့အကျိုးအတွက် ပရောဂျက်တစ်ခုကို ဖန်တီးထားပါတယ်။

“Sou de rua mas to limpinho”(အိမ်ရာမဲ့ပါ ဒါပေမဲ့ သန့်ရှင်းပါတယ်) လို့ခေါ်တဲ ပရောဂျက်တစ်ခုပါပဲ။

သူ နေထိုင်ရာမြို့လမ်းမထက်မှာ ရှိတဲ့ လမ်းဘေးခွေးတွေကို ရှာဖွေပြီး ရေချိုးပေးတာ၊ မွေးစားခံရဖို့ စီစဉ်ပေးတာတွေလုပ်ပေးတဲ့ ပရောဂျက်ဖြစ်ပါတယ်။

သီအာဂိုက တိရစ္ဆာန်တွေအပေါ် ချစ်ခြင်းမေတ္တာကြီးမားတဲ့သူတစ်ယောက်ပါ။ လူတော်တော်များများအတွက်လည်း သူ့ရဲ့လုပ်ရက်တွေက စံနမူနာကောင်းတစ်ခုဖြစ်စေချင်ခဲ့တာပါ။

တိရစ္ဆာန်တော်တော်များများက လူတွေကို ကျွေးဖို့အတွက် မွေးဖွားကြီးပြင်းလာခဲ့တာဆိုတဲ့ အချက်ကို လက်မခံခဲ့ဘူး။

အဲဒါကြောင့်ပဲ သီအာဂိုက သက်သက်လွတ်စားပြီး အသားမစားခဲ့ဘူး။ အသားနဲ့ထုတ်လုပ်ထားတဲ့ထုတ်ကုန်မှန်သမျှကိုလည်း မစားခဲ့ဘူး။

လမ်းဘေးခွေးတွေကို ရေချိုးသန့်စင်ပေးတဲ့ ပရောဂျက်ကတော့ ၂၀၂၀ခုနှစ်ကုန်ပိုင်းမှာ ဖြစ်လာခဲ့တာပါ။

အဲဒီပရောဂျက်လုပ်ဖို့ သီအာဂိုနဲ့ သူ့အဖေ အက်ဟွာဒို (Eduardo) တို့နှစ်ယောက်လုံး စိတ်ကူးမိခဲ့တာပါ။

လမ်းဘေး‌ခွေးတွေကို ရေချိုးပေးလိုက်မှ လူတွေက သူတို့ သန့်ရှင်းနေတာ မြင်ပြီး စိတ်ကျေနပ်ကာ မွေးစားချင်စိတ်ဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

သီအာဂိုတို့က လမ်းဘေးခွေးတွေကို စနေနေ့တိုင်း ရေချိုးသန့်စင်ပေးလေ့ရှိပါတယ်။ ဒီကနေ့ထိ သူတို့ပရောဂျက်ကနေတဆင့် လမ်းဘေးခွေးတွေကို ရေချိုးပေးခဲ့တာ (၄၇) ခါ ရှိပါပြီ။

သီအာဂိုက ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည် (ဒါမှမဟုတ်) သွားရည်စာလို တိရစ္ဆာန်သုံးပစ္စည်းတွေကို လှူဒါန်းပေးတဲ့ဒေသတွင်းဆိုင်တွေနဲ့အတူ မကြာခဏ အလုပ်တွဲလုပ်ဖြစ်ပါတယ်။

လမ်းဘေးခွေးလေးတွေကို မွေးစားလာမယ့်သူတွေများလာဖို့အတွက် ခွေးလေးတွေရဲ့ပုံကို သီအာဂိုရဲ့အဖေ အက်ဟွာဒိုက ရိုက်ပေးတာပါ။

သီအာဂိုက ခွေးတော်တော်များများကို ရေချိုးပေးခဲ့ပြီး သူတို့ရဲ့ဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ပေးလေ့ရှိပါတယ်။သီအာဂိုကလူတော်တော်များများကိုလည်း အစွန့်ပစ်ခံတိရစ္ဆာန်တွေနဲ့ လမ်းဘေးတိရစ္ဆာန်တွေရဲ့ဘဝတွေကို ကြိုးစားပြောင်းလဲပေးစေချင်နေပါတယ်။

crd