‘အမေ့ဆီ သွားချင်တယ်’ ဆိုပြီး ညနက်ကြီးမှာ တစ်ယောက်ထဲခရီးဝေးသွားခဲ့တဲ့ ကောင်လေး (ရုပ်သံ)
ကျွန်တော်တို့အများစုဟာ အသက်၃၀၊၄၀အရွယ်နီးပါးရောက်ရှိလာစဉ်ကျွန်တော်တို့ရဲ့ဘေးနားမှာမိဘနှစ်ပါးစလုံးမားမားမတ်မတ်ရပ်တည်ပေးနိုင်သေးတာဟာ အလွန်အမင်းကောင်းချီးခံစားရပါတယ်။
သို့ပေမဲ့လည်း Jiangsu အမည်ရှိ တရုတ်ကောင်လေးဟာ သူ့အသက် ၁၂နှစ်အရွယ်မာတင် သူ့အမေကွယ်လွန်သွားတဲ့အတွက် ကံမကောင်းခဲ့ပါဘူး။
သူ့ရဲ့အခြားသောမိသားစုဝင်များအိပ်ပျော်နေစဉ် ကလေးငယ်ဟာ သူ့ရဲ့နေအိမ်မှထွက်ခွာသွားပြီးနောက် မေလ၈ရက်နေ့မှာ သူ့ရဲ့ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့နေခဲ့ပါတယ်။
ကောင်လေးဟာ သူ့အမိရဲ့ အုတ်ဂူရှိရာဒေသကို တက္ကစီငှားပြီးသွားခဲ့တာပါ။သို့ပေမဲ့လည်း သူဟာ ဘယ်နေရာရှိတယ်ဆိုတာကို အတိအကျမသိခဲ့ပါဘူး။
ကလေးငယ်ကိုကူညီရန် တက္ကစီယာဉ်မောင်းသမားက ကင်းလှည့်ရဲတပ်ဆီကို တည်နေရာမေးရန် မောင်းသွားခဲ့ပါတယ်။
ရဲက “သူအဲ့ဒီကို ဘာသွားလုပ်မာလဲ” လို့ မေးလိုက်တဲ့အခါမှာ ကောင်လေးက ထွက်ပြေးပြီး “ငါ့နောက်မလိုက်နဲ့”ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ကောင်လေးကို ရဲစခန်းသို ခေါ်ဆောင်သွားစဉ် ကောင်လေးက”ကျွန်တော့်အမေရဲ့ အုတ်ဂူဆီကို သွားချင်တယ်…”ဆိုပြီး ရုတ်တရက် ပြောခဲ့ပါတယ်။
ဦးရဲကြီးက ကလေးငယ်ကို “မနက်ခင်းကျမှ အေးအေးဆေးဆေး သွားတာပေါ့ကောင်လေးရယ်”ဆိုပြီး နူးညံ့စွာပြောလိုက်ပါတယ်။
သူတို့တွေ ရဲစခန်းကိုရောက်တဲ့အခါမှာ အာဏာပိုင်တွေက ကောင်လေးရဲ့မိသားစုဝင်တွေနဲ့ အဆက်သွယ်ရပြီး ကလေးငယ်ကို လုံခြုံစွာ အိမ်ပို့နိုင်ခဲ့ပါတယ်။
crd