ဗဟုသုတ

ကမ္ဘာ့ပထမဆုံး ‘ရေပေါ်မြို့တော်’ ကို တည်ဆောက်ရန် အစီအစဉ်ဆွဲထားကြတဲ့ ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့များ

ကမ္ဘာ့ပထမဆုံး ‘ရေပေါ်မြို့တော်’ ကို တည်ဆောက်ရန် အစီအစဉ်ဆွဲထားကြတဲ့ ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့များ

OCEANIX ကို ကမ္ဘာ့ပထမဆုံးသော ရေပေါ်မြို့ဖြစ်လာစေရန် ကုလသမဂ္ဂ လူသားအခြေချနေထိုင်မှု အစီအစဉ် (UN-Habitat) မှ ပံ့ပိုးကူညီထားပါတယ် ။

ဘူဆန်မှာ ခေတ်မီရေပေါ်မြို့တော်တစ်ခု တည်ဆောက်မည်ဖြစ်တဲ့အတွက် တောင်ကိုရီးယားမှာ ၎င်းက စုစုပေါင်းဧရိယာ ၄၆၉ ရိုင်ခန့်ရှိမှာဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ ခန့် နေထိုင်နိုင်ကြောင့် သိရှိရပါတယ် ။

မြို့သစ်စီမံကိန်းမှာ ဆဋ္ဌဂံပုံသဏ္ဍာန် ကျွန်းတစ်ကျွန်း ပါဝင်မှာဖြစ်ပါတယ် ။ ကျွန်းတစ်ခုစီက အကျယ်အဝန်းအားဖြင့် 12.5 ရိုင်ရှိပြီး ခန့်မှန်းခြေအားဖြင့် လူဦးရေ 300 ခန့်ရှိပါတယ် ။

OCEANIX ရဲ့ပူးတွဲတည်ထောင်သူက အင်တာဗျူးတစ်ခုမှာ “ဘူဆန်က စံပြမြို့တစ်ခုတည်ဆောက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်။ အနာဂတ်မှာ ဒီအကြံဉာဏ်ကို ကမ်းရိုးတန်းမြို့တွေမှာ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာကြီးက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်”လို့ ပြောဆိုထားပါတယ် ။

ဒီရေပေါ်မြို့တော်ကို သဘာဝပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲဖို့ ဒီဇိုင်းထုတ်မှာဖြစ်တဲ့အတွက် ၎င်းတို့က အချိန်ကြာလာတာနဲ့အမျှ ပိုမိုကြီးမားသော အသိုက်အဝန်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး

လူသားများ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်နိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာများလည်း ရှိသလို ရေချိုနဲ့ အစားအစာ အပါအဝင် တိရစ္ဆာန်တွေ ပါပါတယ် ။

ပင်လယ်ရေမြင့်တက်မှုပြဿနာအတွက် ဖြေရှင်းချက်တစ်ခု အဆိုပြုရန် OCEANIX က ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ ၁၀ ဖွဲ့နဲ့ ဆွေးနွေးပြီးဖြစ်သောကြောင့် စီမံကိန်းကို ၃ နှစ်ကြာ ပြီးစီးရန် မျှော်လင့်ထားခြင်းဖြစ်ပါတယ် ။

ရေပေါ်မြို့ ဆောက်လုပ်ရန် ဘတ်ဂျက်မှာ ဘတ်ငွေ သန်း ၂၀၀ သို့မဟုတ် သန်း ၆၆၀၀ ခန့် ရှိကြောင်း သိရှိရပါတယ် ။

crd