News

လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Meme ပုံနဲ့ လူသိများခဲ့တဲ့ ကျောင်းဘောလုံးချန်ပီယံ ကောင်လေး

လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ Meme ပုံနဲ့ လူသိများခဲ့တဲ့ ကျောင်းဘောလုံးချန်ပီယံ ကောင်လေး

လူကြိုက်အများဆုံး Meme တွေထဲက တစ်ခုမှာ ပါဝင်ခဲ့တဲ့ ကလေးလေးဟာ အခုဆိုရင် ကျောင်းရဲ့ဘောလုံးချန်ပီယံဖြစ်နေပါပြီ။

အဲဒီကလေးလေးက ဒိုင်နီရက်ကိုလင် (Dieunerst Collin) ဖြစ်ပြီး “Popeyes Meme Boy” အဖြစ် လူသိများခဲ့တာပါ။၂၀၁၃ခုနှစ် တစ်စုံတစ်ယောက်က ကိုလင်ကို လစ်တီရီယို (Lil Terio)ဆိုတဲ့ ဂီတပညာရှင်လို့ အထင်မှားပြီး ဗီဒီယိုအတိုလေး ရိုက်ကူးခဲ့ပါတယ်။

အဲဒီဗီဒီယို (https://www.youtube.com/watch?v=N3XQFKIYO9Y&t=6s) ကို Vine မှာတင်ခဲ့ပြီး လူကြိုက်များသွားမယ်လို့ တင်တဲ့သူကိုယ်တိုင်တောင် မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုကလစ်ကို ကြည့်ရှုသူ ၁၉ သန်းရှိခဲ့တာပါ။

ဗီဒီယိုထဲမှာ ကိုလင်ရဲ့အကြည့်က လူတွေကို စိတ်ဝင်စားစေခဲ့ပြီး Meme အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အဲဒီဗီဒီယိုကို Popeye’s စားသောက်ဆိုင်မှာ ရိုက်ကူးခဲ့ပြီး

လစ် တီရီယိုအနေနဲ့ သူ့ကို အထင်မှားပြီးနောက် ရိုက်ကူးတဲ့သူကို ကိုလင်က အချိုးမပြေတဲ့အကြည့်နဲ့ မျက်စောင်းထိုးပြီး ကြည့်ခဲ့တာပါ။

ဗီဒီယိုထဲက ကိုလင်ရဲ့အကြည့်က Meme အဖြစ် အရမ်းနာမည်ကြီးလာခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ကိုလင်ရဲ့အကြည့်က အခုထိ Meme အဖြစ် ဆက်လက်နာမည်ကြီးနေသလို ကိုလင်ကလည်း အရွယ်ရောက်နေပြီး ကျောင်းကိုယ်စားပြု ဘောလုံးချန်ပီယံတောင် ဖြစ်နေပါပြီ။

ဘောလုံးချန်ပီယံဆုရရှိခဲ့တယ်ဆိုတာကို သူ့ရဲ့တွစ်တာနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်ထားပါတယ်။

သူ ဆုတံဆိပ်ကိုင်ထားတဲ့ ပုံနဲ့အတူ“ပြည်နယ်ချန်ပီယံနဲ့ ဒေသဆိုင်ရာချန်ပီယံတွေက ဒီရာသီမှာ OLINE ကို ဉီးဆောင်ဖို့ ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

ကိုလင်ရဲ့ East Orange High School အသင်းက ဘောလုံးချန်ပီယံဆုကို ရရှိသွားခဲ့တာပါ။

အခုဆိုရင် ကိုလင်က Meme ပုံကြောင့်တင်မဟုတ်ဘဲ ဘောလုံးချန်ပီယံဖြစ်သွားတဲ့အတွက်ကြောင့်ပါ စိတ်ဝင်စားမှုခံနေရပါတယ်။

ကိုလင်က အရပ် ၆ ပေ၁လက်မ နဲ့ ၃၁၅ ပေါင်ရှိပြီးဘောလုံးအသင်းရဲ့အကြီးတန်းခံစစ်သမားဖြစ်ပြီး“Killer Whale” လို့ နာမည်ပြောင်ပေးထားကြပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေက “ဂုဏ်ယူပါတယ် ကောင်လေး”၊ “Memeထဲက ကလေးလေးက နယူးဂျာစီကဆိုတာ မသိခဲ့ဘူး” လို့ ရေးသားခဲ့ကြပါတယ်။

crd