မအိပ်ခင်လေးမှာ သခင်ရဲ့ကလေးငယ်များ လုံခြုံစွာအိပ်ရဲ့လားဆိုပြီး ညလယ်မှာ ကင်းလှည့်ပြီး စစ်ကြည့်တတ်တဲ့ ခွေးလေး
မကြာသေးမီက ကလေးသုံးယောက်မိခင်“ Kelly Rotterdam Tate” ဟာ ကြည်နူးစရာအကောင်းဆုံး ဗီဒီယိုတစ်ခုကို ဝေမျှလာခဲ့ပါတယ် ။
သူမမွေးမြူခဲ့တဲ့ချစ်စရာခွေးလေး “Killian” အကြောင်း ဗီဒီယိုတစ်ခုဖြစ်ပါတယ် ။
The Dudu ဝက်ဘ်ဆိုက်မှတင်ပြတဲ့အတိုင်း Kelly က အိမ်မှာစောင့်ကြည့်ကင်မရာများတပ်ဆင်ထားပြီး ခွေးမလေး Killian က
သူရဲ့ ကလေးများ လုံခြုံမှုကို စစ်ဆေးနိုင်ရန် ညဉ့်လယ်မှာ ကလေးရဲ့အခန်းမှ ထူးဆန်းတဲ့အသံတစ်ခုကြားရပါတယ် ။
ထို့ကြောင့် သူမကစစ်ဆေးရန်ကင်မရာကိုတပ်ထားလိုက်တာနဲ့စွဲမက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ် ။
ပုံထဲကအတိုင်း Killian ကအိမ်တစ်ဝိုက်မှာ တိတ်တဆိတ်လမ်းလျှောက်နေတာကို တွေ့နိုင်ပါတယ် ။
အဲဒီအခါမှာ ခွေးလေးက သခင်ရဲ့ကလေးကောင်းကောင်းအိပ်ပျော်နေလားဆိုတာကို စစ်ဆေးဖို့ကလေးတွေရဲ့အိပ်ခန်းထဲပြီးစစ်ဆေးလိုက်ပါတယ် ။
အရာအားလုံးအဆင်ပြေတာကို မြင်သောကြောင့် ခွေးက ဖြည်းဖြည်းချင်းလှဲချလိုက်ပြီး သူလည်း အိမ်နေခဲ့ပါတယ် ။
လေ့လာတွေ့ရှိချက်များအရ Kelly က Killian ဟာ ညတိုင်း သူမရဲ့ ကလေးများကို စစ်ဆေးလေ့ရဇိနေခဲ့တယ်လို့ ဆိုပါတယ် ။
ထို့ကြောင့်မိသားစုအတွင်းရှိ လူတိုင်းက ခွေးကိုအလွန်ချစ်ကြပြီး“Killian ကကျွန်ုပ်တို့တစ်ဦးစီကောင်းစွာအိပ်ပျော်ရဲ့လားဆိုတာကို စစ်ဆေးဖို့ညဘက် အိမ်ကိုလှည့်ပတ်စစ်ဆေးလေ့ရှိတယ် ။
ခွေးကဒီလိုမျိုးညမှာ အကာအကွယ်ပေးထားတာကို သိရတော့ ငါတို့ကို အရမ်းလုံခြုံစေတယ်။ ” လို့ Kelly က ဆိုပါတယ် ။
ဗွီဒီယိုဖိုင်ထွက်လာပြီးတာနဲ့တစ်ပြိုင်နက်ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူပေါင်း ၁၀ သန်းကျော်နဲ့အတူ Killian ခွေးလေးရဲ့ အပြုအမူကို ချီးကျူးခဲ့ကြပါတယ် ။
“ ခွေးက သစ္စာရှိတဲ့ခြေလေးချောင်းနဲ့နတ်သမီး”၊ “ ခွေးက ကလေးတွေကို အရမ်းချစ်ပုံရတယ်”၊ “ ငါ့ခွေးလည်းဒီလိုပဲ။
ကျူးကျော်သူတွေမရှိအောင်အိမ်ပတ်ပတ်လည်ကို လျှောက်သွားခဲ့တာ။ ” ဆိုပြီး netizen များကလည်း သူတို့ရဲ့ ချစ်ခွေးလေးရဲ့ အကြောင်းကို ပြန်လည်လည် ဝေမျှခဲ့ပါတယ် ။
crd