လက်နှစ်ဖက်စလုံးနဲ့ တစ်ပြိုက်နက်တည်း မတူညီတဲ့ပုံစံ ၁၁ မျိုးနဲ့ စာရေးနိုင်တဲ့ ကောင်မလေး
အိန္ဒိယနိုင်ငံ၊ မန်ဂါလူရူမြို့က အသက် ၁၇ နှစ်အရွယ် ကောင်မလေး အာဒီ ဆွာရိုပါဟာ သူ့ရဲ့လက်နှစ်ဖက်စလုံးနဲ့ တစ်ပြိုက်နက်တည်း စာရေးနိုင်တဲ့ ရှားပါးစွမ်းရည်ရှိနေပါတယ်။
အဲဒါတင်မကသေးပါဘူး။ သူက လက်နှစ်ဖက်စလုံးသုံးပြီး နောက်ပြန်ရေးတာ၊ မျက်လုံးကို အဝတ်နဲ့စည်းပြီးရေးတာ
အပါအဝင် မတူညီတဲ့ပုံစံ ၁၁ မျိုးနဲ့စာလုံးတွေလည်း ရေးသားနိုင်စွမ်းရှိပါတယ်။
ဘယ်လက်ရော၊ ညာလက်နဲ့ပါ စာလုံးတွေ ရေးပြတဲ့ ဆွာရိုပါရဲ့ဗီဒီယိုကိုလည်း နည်းပညာဝါသနာရှင် ရာဗီ ခါခါရာက မျှဝေခဲ့ပါသေးတယ်။
ဆွာရိုပါက ၁ မိနစ်အတွင်း လက်နှစ်ဖက်လုံးနဲ့ တစ်ပြိုက်နက် စာလုံးအမြောက်အများကို ရေးသားနိုင်တဲ့အတွက် ကမ္ဘာ့စံချိန်ချိုးထားပါတယ်။
သူက တစ်မိနစ်ကို စာလုံး (၄၅) လုံး ရေးသားနိုင်ပါတယ်။
ဆွာရိုပါက တရားဝင်ပညာမသင်ကြားခဲ့ရပေမဲ့ သူ့ရဲ့မိဘတွေက သူ့ကို ကိုယ့်ဘာသာ ပညာလေ့လာသင်ကြားတတ်စေခဲ့ပါတယ်။
သူက အသက် ၁ နှစ်ခွဲမှာ သူ့ဘာသူ စာဖတ်နိုင်ပါတယ်။ သူ့အသက် ၂ နှစ်ခွဲမှာ စာမျက်နှာ ၃၀ အထိ စာရေးနိုင်ပါတယ်။
အခုဆို သူက လက်နှစ်ဖက်စလုံးနဲ့ စာရေးခြင်းအားဖြင့် SSLC စာမေးပွဲကို သီးသန့်ဖြေဆိုဖို့ ပြင်ဆင်နေပါတယ်။
သူ့ရဲ့ကျွမ်းကျင်မှုတွေက ဒီမှာတင် မဆုံးသေးပါဘူး။ ဒီထက်မကရှိပါသေးတယ်။ သူကလေးစက္ကန့်ကနေငါးစက္ကန့်အတွင်းဂဏန်းတစ်ခုနဲ့ဆက်စပ်နေတဲ့ကျပန်းပေးထားတဲ့
ထောင်ပေါင်းများစွာသော အရာတွေကို မှတ်သားပြီး ပြန်ပြောပြနိုင်ပါတယ်။
ထောင်ပေါင်းများစွာသောဖုန်းနံပါတ်တွေကိုလည်း မှတ်သားနိုင်ပြီး ၄၅ စက္ကန့်အတွင်း Rubik’s cube ကို ဖြေရှင်းနိုင်ပါတယ်။
သူက အလုပ်မျိုးစုံလုပ်ရင်းနဲ့ ဝတ္ထုတွေကို ဖတ်ရတာကိုလည်း အတော်လေးစိတ်ပါဝင်စားပါတယ်။
ဆွာရိုပါက သူရဲ့အံ့ဩဖွယ်ရာမှတ်ဉာဏ်ကြောင့် India Book of Records မှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။
အင်္ဂလိပ်နဲ့ ကန်နာဒါဘာသာစကားနှစ်မျိုးစလုံးကို တစ်ပြိုင်နက်ရေးသားရင်း တစ်မိနစ်အတွင်း စာလုံး ၄၅ လုံးကို ရေးသားနိုင်တဲ့အတွက်
သူ့ကို Lata Foundation ရဲ့ Exclusive World Recordက အသိအမှတ်ပြုခဲ့ပါတယ်။
ဆွာရိုပါက သူ့ရဲ့လက်နှစ်ဖက်စလုံးနဲ့ စာရေးပြီးတော့ နောက်ထပ်စံချိန်တွေ ချိုးဖို့ စီစဉ်ထားပါတယ်။
crd