ဗဟုသုတ

အချိန်အနည်းငယ်သာခြားပြီး တစ်နေရာထဲမှာ အတူမွေးဖွားခဲ့ကြလို့ ခွဲမရနိုင်တဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတဲ့ မျောက် နဲ့ ကျားပေါက်လေး(ရုပ်သံ)

အချိန်အနည်းငယ်သာခြားပြီး တစ်နေရာထဲမှာ အတူမွေးဖွားခဲ့ကြလို့ ခွဲမရနိုင်တဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ကြတဲ့ မျောက် နဲ့ ကျားပေါက်လေး(ရုပ်သံ)

ကလေးငယ်များကဲ့သို့ပင် တိရိစ္ဆာန်ကလေးများသည်လည်း မိတ်ဆွေဖွဲ့ခြင်းကို နှစ်သက်ကြပါတယ်။ ၎င်းတို့ဟာ ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူငယ်ချင်းကိုတောင်မိတ်ဖွဲ့နိုင်ပြီး

၎င်းတို့သူငယ်ချင်းရဲ့မတူကွဲပြားတဲ့ပုံသဏ္ဍာန်တွေမရှာတတ်ကြဘဲ အချင်းချင်း ခင်မင်ရင်းနှီးမှုကိုသာ ရှာဖွေတတ်ကြပါတယ်။

၎င်းတို့ရဲ့သံယောဇဉ်ကလည်း သဘာဝအတိုင်း ပွင့်လန်းပြီး တစ်နေ့ထက်တစ်နေ့ ခိုင်ခံ့လာကာ ၎င်းတို့အချင်းချင်း အတူတူ အချိန်ဖြုန်းရတာ ၊

ရယ်မောပျော်ရွှင်ရတာမျိုးကို ပိုသဘောကျတတ်ကြပါတယ်။

ဒါဟာ စစ်မှန်တဲ့ခင်မင်မှုလို့ ဆိုစရာဘဲမဟုတ်လားဗျာ။ ဒီနေ့ ဇာတ်လမ်းကတော့ မျောက်ကလေးနဲ့ ကျားပေါက်လေးကြားက ချစ်ဖို့ကောင်းပြီးနွေးထွေးတဲ့ ဆက်ဆံရေးအကြောင်းပါ။

၎င်း မျိုးစိတ်မတူတဲ့တိရိစ္ဆာန်ကလေးနှစ်ကောင်တို့ဟာ လှောင်အိမ်တစ်ခုထဲမှာ အတူထည့်ထားလိုက်တိုင်း ၎င်းတို့အတူတူ ပျော်ရွှင်စရာအချိန်တွေကို ဖန်တီးတတ်ကြပါတယ်။

၎င်း လေးလသားအရွယ် မျောက်ဝံလေး Ban Jin နှင့် သုံးလသားကလေး ကျားပေါက်လေး December တို့ဟာ တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ်ရှိ Hengshui တောရိုင်းတိရစ္ဆာန်ဥယျာဉ်တွင် နေထိုင်လျက်ရှိပါတယ်။

သူတို့နှစ်ကောင်ဟာ အချိန်အနည်းသာခြားပြီးမွေးဖွားလာကာတစ်နေရာတည်းမှာအတူကြီးပြင်းလာချိန်၌ ကလေးငယ်များကဲ့သို့ ၎င်းတို့ဟာ

တစ်ကောင်နှင့်တစ်ကောင် အထူးသံယောဇဉ်နှောင်ကြိုးများရှိနေခဲ့ပါတယ်။

၎င်းတို့ကိုစောင့်ရှောက်ပေးသူက ၎င်းတို့ကိုလှောင်အိမ်တစ်ခုထဲမှာ အတူထည့်ထားလိုက်တဲ့အချိန်က ၎င်းတို့အတွက် အခြားပျော်စရာကောင်းတာမရှိတော့တဲ့အချိန်ဘဲဖြစ်ပါတယ်။

December လေးက သူ့သူငယ်ချင်းအပေါ် ဖော်ရွေပြီး သည်းခံနိုင်ရည်ရှိပေမဲ့လည်း Ban Jin ကတော့မိုက်မဲတဲ့အကောင်လေးဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။

အနှီးထုပ်နဲ့ Ban Jin က သူ့သူငယ်ချင်း ကျားလေးရဲ့ကျောပေါ်တက်တိုင်း လမ်းလျှောက်စရာမလိုဘဲ လှည့်ပတ်သွားနိုင်တာကြောင့်

ကျားလေးရဲ့ကျောပေါ်တက်စီးရတာကို အတော်လေး သဘောကျပါတယ်။

ပြီးပြည့်စုံပြီး ဒီလို ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေကို တိရိစ္ဆာန်ရုံဝန်ထမ်းများက ကင်မရာနဲ့ ရိုက်ကူးထားခဲ့ပြီး

တိရိစ္ဆာန်ရုံရဲ့ဆိုရှယ်မီဒီယာအကောင့်ပေါ် မျှဝေလိုက်တဲ့အခါမှာ ၎င်းက ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

လူတွေအားလုံးက ဒီ မျိုးစိတ်မတူတဲ့ ထူးဆန်းတဲ့သူငယ်ချင်းတို့ကို ချစ်ခင်သွားခဲ့ကြပြီး ၎င်းတို့ရဲ့ အဖြူစင်ဆုံးနှင့်

အလှပဆုံးသော သူငယ်ချင်းဆက်ဆံရေးကိုလည်း သဘောကျခဲ့ကြပါတယ်။

December လေးဟာ ကျောပေါ်တက်စီးတတ်တဲ့သူငယ်ချင်းဖြစ်သူရဲ့လုပ်ရပ်အတွက် စိတ်ဆိုးဒေါသထွက်တာမျိုး မရှိခဲ့သလို

သူ့သူငယ်ချင်းလိုအပ်တဲ့အခါ ကျောကုန်းပေါ်တက်စီးဖို့ အမြဲအဆင်သင့်ရှိနေတတ်ပါတယ်။

Ban Jin ဟာ သူ့သူငယ်ချင်းရဲ့ကျောပေါ်တက်စီးရတာကိုမနှစ်သက်ခင်က ကျားတွေကို ကြောက်နေခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာ သူ့သူငယ်ချင်းက သူ့ထက်အများကြီးနေတယ်ဆိုပေမဲ့ ၎င်းတို့ငယ်ပေါင်းတွေဟာ အချင်းချင်း မြန်မြန်ဆန်ဆန် ပေါင်သင်း ခင်မင်လာခဲ့ကြပြီး

အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်လို့ တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါတယ်။

crd