ဗဟုသုတ

သူ့ကိုစီးမယ်လုပ်လိုက်တိုင်း ပင်ပန်းပြီးသေဆုံးသွားသည့်ပုံစံဖြင့် လျှာလေးထုတ်ပြီး ဟန်ဆောင်တတ်သည့် အပျင်းထူးတဲ့မြင်းလေး

သူ့ကိုစီးမယ်လုပ်လိုက်တိုင်း ပင်ပန်းပြီးသေဆုံးသွားသည့်ပုံစံဖြင့် လျှာလေးထုတ်ပြီး ဟန်ဆောင်တတ်သည့် အပျင်းထူးတဲ့မြင်းလေး

တိရိစ္ဆာန်လေးများ၏ အပြုအမူနေထိုင်ပုံလေးတွေဟာလည်း တစ်ခါတစ်လေတွင် ရယ်မောဖွယ်ရာ ကောင်းလွန်းလှပါတယ် ။

တိရိစ္ဆာန်များထဲမှ မြင်းတွေကို လူအများကအလွန်အစွမ်းထက်ပြီးသန်မာကြတယ်ဟုတင်စားထားကြပြီး မြင်းကလေးတွေဟာလည်း

လူတို့၏ခရီးသွားလာရာတွင်အဆင်ပြေချောမွေ့စေရန် ရှေးယခင် မော်တော်ဆိုင်ကယ်များမပေါ်ခင်က ထမ်းဆောင်ခဲ့ကြဖူးတာဖြစ်ပါတယ်။

ထို့ကြောင့်မြင်းတွေကိုအလွန်အားကိုးရသဖြင့်သန်မာပြီးအစွမ်းထက်သည်ဟုတင်စားထားခဲ့ကြပါတယ်။

သို့သော်လည်း Jingang လို့ အမည်ပေးထားသည့်မြင်းတစ်ကောင်၏အပျင်းထူပုံကတော့အတော်​လေးရယ်စရာကောင်းနေခဲ့ပါတယ်။

မြင်းကလေးဟာသူ့ကိုလူတွေကတက်စီးတော့မည်ဟုလုပ်လိုက်သည့်အခါတိုင်း အလွန်ပင်ပန်းပြီးသေဆုံးသွားသည့်ပုံစံဖြင့်လျှာလေးထုတ်ပြီးဟန်ဆောင်နေတတ်တာဖြစ်ပါတယ်။

crd