News

ဈေးဝယ်စင်တာလှောင်အိမ်ထဲမှာ နှစ် ၃၀ ကျော် ပိတ်လှောင်ခံရတဲ့ ကမ္ဘာ့အထီးကျန်အဆန်ဆုံး လူဝံ

ဈေးဝယ်စင်တာလှောင်အိမ်ထဲမှာ နှစ် ၃၀ ကျော် ပိတ်လှောင်ခံရတဲ့ ကမ္ဘာ့အထီးကျန်အဆန်ဆုံး လူဝံ

ထိုင်းနိုင်ငံဘန်ကောက်မြို့ဈေးဝယ်စင်တာရဲ့သံလှောင်အိမ်ထဲမှာ နှစ် ၃၀ ကျော်တစ်ကောင်တည်းပိတ်လှောင်ခံခဲ့ရတဲ့ လူဝံမကြီးဟာကမ္ဘာ့အထီးကျန်အဆန်ဆုံး လူဝံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဘွာနွိုင်လို့ အမည်ပေးထားတဲ့ လူဝံမကြီးဟာ ၁ နှစ်သမီး အရွယ်ကတည်းက ပါတာပင်လောင်းကုန်တိုက်ကို ရောက်ရှိလာခဲ့တာပါ။

ဘွာနွိုင်ကို ပိုမိုသင့်တော်မယ့်နေရာတစ်ခုထံ ပြောင်းရွှေ့ပေးဖို့ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိုင်းအစိုးရက တောင်းဆိုခဲ့ပေမဲ့ သူ့ပိုင်ရှင်တွေက ငြင်းဆန်ခဲ့ပါတယ်။

ဘွာနွိုင်ကို ဘေးမဲ့တောမှာ လွှတ်ပေးတာ မြင်တွေ့ချင်တယ်လို့ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးက ဆိုခဲ့ပေမဲ့ အခုချိန်အထိလည်း

သူ့ပိုင်ရှင်တွေက ဘွာနွိုင်ကို တခြားလူဝံတွေနဲ့အတူ ဘေးမဲ့တောမှာ နေထိုင်ခွင့်ပေးဖို့ ငြင်းဆန်နေဆဲပါပဲ။ ဘွာနွိုင်ဟာ ပိုင်ရှင်ရဲ့ခွင့်ပြုချက်ရမှပဲ လွတ်လပ်ခွင့်ရမှာပါ။

” မျိုးသုဉ်းပျောက်ကွယ်မယ့် တိရစ္ဆာန်တွေနဲ့ သားရဲတိရစ္ဆာန်တွေကို ရောင်းဝယ်ဖောက်ကားခွင့်၊ ပိုင်ဆိုင်ခွင့်မရှိစေရဆိုတဲ့

ဥပဒေ မပြဋ္ဌာန်းခင်ကတည်းက သူ့သခင်တွေက သူ့ကို ဝယ်ခဲ့တာပါ။

ဘွာနွိုင် လွတ်မြောက်ခွင့်ရစေဖို့ လှူဒါန်းပေးထားတဲ့ ငွေတွေ ရှိပါတယ်။

ဒါပေမဲ့ သူ့သခင်တွေက သူ့ကို မရောင်းဘူးလို့ ပြောတယ်။

ရောင်းမယ်ဆိုတော့လည်း သူတို့တောင်းတဲ့ ဈေးက အဆမတန် များလွန်းနေတယ်” လို့ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ အရာရှိ သာနက်ပေါ ဆိုပါတယ်။

ဘွာနွိုင်ကို အမေရိကန်ဒေါ်လာ ၈ သိန်းပေးမှ ရောင်းချမယ်လို့ သူ့သခင်က တောင်းဆိုထားတာပါ။

ဒါပေမဲ့ ကုန်တိုက်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီကတော့ ဘွာနွိုင်ကို ရောင်းချဖို့ မရှိဘူးလို့ ဆိုပြန်ပါတယ်။

crd