ဘဝ၏ပထမဆုံးသော မွေးနေ့ပွဲကို ဇနီးသည်က ကျင်းပပေးခဲ့သောကြောင့် အံ့သြပျော်ရွှင်ပြီး မျက်ရည်များကျနေခဲ့သည့် အသက်၅၀အရွယ်အမျိုးသား
မွေးနေ့သည် လူတိုင်းအတွက် အရေးကြီးသော နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
သို့သော်လည်း သားသမီးတို့အတွက် ရုန်းကန်လှုပ်ရှားနေရသော မိဘများအတွက်တော့ ပျော်ရွင်စရာတွေကျင်းပဖို့ထက် သားသမီးတို့ဝမ်းရေးအတွက်သာ ဦးစားပေးခဲ့ကြသည်။
ဖခင်တို့သည် သားသမီးတို့အတွက် မဟာစစ်သူကြီးတစ်ဦးဖြစ်သော်လည်း နှလုံးသားအလွန်နူးညံ့သူများဖြစ်ကြပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၅၀အရွယ်ဖခင်တစ်ဦးသည် သူ၏မွေးနေ့လေးကို ကျင်းပပေးခဲ့သော ဇနီးဖြစ်သူကြောင့် အပျော်လွန်ကာ ယောကျာ်းကြီးတစ်ယောက်ဖြစ်သော်လည်း မျက်ရည်ကျကာ ငိုကြွေးနေခဲ့သည်။
အမျိုးသားကြီးဟာ ထင်မှတ်မထားသည့် မွေးနေ့ကိတ်လေးကို မြင်လိုက်ရချိန်မှာ အံ့သြပျော်ရွင်မှုများဖြင့် မျက်ရည်ကျသည်အထိပင် ဖြစ်ခဲ့ရပါတယ်။
crd