ဗဟုသုတ

မရှက်မကြောက်တတ်တဲ့စိတ်ဓာတ်လေးနဲ့ ဈေးဘယ်လိုရောင်းရမယ်ဆိုတာကိုသိတဲ့ သံပုရာသီးသည်ကလေးမလေး

မရှက်မကြောက်တတ်တဲ့စိတ်ဓာတ်လေးနဲ့ ဈေးဘယ်လိုရောင်းရမယ်ဆိုတာကိုသိတဲ့ သံပုရာသီးသည်ကလေးမလေး

စီးပွါးရေးရဲ့သဘောက မင်းရဲ့ယှဉ်ပြိုင်မှုတွေကိုအမြဲသတိထားနေဖို့နှင့် မင်းရဲ့ဖောက်သည်တွေကိုပိုဆွဲဆောင်နိုင်ဖို့အတွက် ဘယ်လိုဈေးကွက်ရှာဖွေရေးနည်းဗျူဟာတွေကိုရှာဖွေပြီးသုံးရမလဲဆိုတာကိုသိထားဖို့ပါဘဲ။

စီးပွါးရေးရဲ့ပန်းတိုင်က မင်းရဲ့အောင်ပွဲအတွက်မဟုတ်ဘဲ ဖောက်သည်တွေက မင်းဆီကိုလာဖို့အတွက် မင်းကိုယ်မင်းနာမည်တစ်ခုရအောင်လုပ်ဖို့ဘဲဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ Davao ပြည်နယ် Panabo မြို့ရှိမိန်းကလေးငယ်တစ်ဦးဟာ သူမအား လူသိများသွားစေမဲ့ ကိုယ်ပိုင်ဈေးကွက်ရှာဖွေရေးနည်းဗျူဟာတစ်ခုကြောင့် သူမအား ပို၍ပင်လူသိများလာခဲ့ပါတယ်။

အင်တာနက်သုံးသူ Jaypee Donasco က သူမရဲ့ဗီဒီယိုများကို “ Panabo အများပြည်သူဈေးထဲက မိန်းကလေးက သူမရဲ့မဟာဗျူဟာမြောက်တဲ့ဖောက်သည်ရှာနည်းလမ်းနဲ့ သူမရဲ့အမေကိုသံပုရာသီးကူရောင်းပေးနေခဲ့တယ် ” ဟုတဲ့ caption ဖြင့်ပြန်လည်မျှဝေပေးခဲ့တာပါ။

Visayan ဘာသာစကားကိုပြောနေတဲ့အဆိုပါမိန်းကလေးက သူမရဲ့“ သံပုရာသီး” (calamansi) ကိုဝယ်ရန် ဈေးရောင်းသုံးသူများအား “ အိုးး သံပုရာသီး သံပုရာသီး ငါးငံပြာရည် ၊

ပဲငံပြာရည် နဲ့ ရှာလကာရည်မရှိရင် အသုံးဝင်တဲ့သံပုရာသီး ၊ တစ်ထုပ်မှ php 20 တည်း ၊ စိတ်ဝင်စားရင် ဝယ်သွားကြပါ ” ဟု မရှက်မကြောက်ဘဲရဲရင့်စွာအော်ဟစ်ကာ ရောင်းချနေခဲ့ပါတယ်။

ထိုဈေးထဲ၌ အခြား သံပုရာသီးသည်များရှိသော်လည်း သူမရဲ့ရဲရင့်တဲ့ဈေးကွက်ဗျူဟာကြောင့် ဈေးသုံးသူများက ဤမိန်းကလေးထံမှဝယ်ယူအားပေးခဲ့ကြပါတယ်။

သူမဟာ မကြာခင်မှာပဲသူမရဲ့ဗီဒီယိုဖိုင်တွေကိုအထင်ကြီးတဲ့ netizen တွေဆီကနေ ချီးကျူးခံခဲ့ရပါတယ်။များစွာသော netizen များက သူမကိုသဘောကျခဲ့ကြပြီး

သူမဟာ ဈေးဘယ်လိုရောင်းပြီး ဘယ်လိုဖောက်သည်ရှာရမလဲဆိုတာကိုကောင်းကောင်းသိနေတာကြောင့်သူမဟာအောင်မြင်ဖို့အလားအလာရှိသလို

ဗီဒီယိုကအခုလိုလူသိများလာလို့ သူမလည်းဆက်လက်ပြီးဖောက်သည်တွေအများကြီးရလာလိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။

အခြားသူများကသူမကို Kapuso Mo, Jessica Soho ကဲ့သို့လူထုအခြေပြုရှိုးများတွင်ပါဝင်လာဖို့ကိုလည်းမျှော်လင့်ခဲ့ကြပါတယ်။

သို့သော် အချို့ကသူမရဲ့အလုပ်ကိုခွင့်ပြုခြင်းကြောင့် သူမ၏မိဘများကိုပုတ်ခတ်ပြောဆိုပြီး ဤအရာဟာ ကလေးလုပ်သားဖြစ်ကြောင်းပြောခဲ့ကြပါတယ်။

သို့သော်လည်းလူအများစုကဤမိန်းကလေးဟာကျောင်းချိန်ပြီးမှသာဈေးရောင်းခြင်းဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုနှင့်မိသားစုကိုမည်သို့ထောက်ပံ့ရမည်ကိုသင်ယူခြင်းက

ဘာမှားနေလို့လဲလို့ဆိုခဲ့ကြပြီး အဲဒါကသူမကိုအနာဂတ်မှာအောင်မြင်ဖို့ပိုကောင်းတဲ့ကြိုးစားအားထုတ်မှုလည်းဖြစ်စေကြောင်းပြောကာ သူမဘက်၌ရပ်တည်နေခဲ့ကြပါတယ်။

crd