ဗဟုသုတ

အသက် ၃၀ ပြည့်မွေးနေ့မတိုင်ခင် ကောင်းမွန်တဲ့လုပ်ရပ် အခု (၃၀) ပြီးမြောက်အောင် လုပ်ဆောင်နေတဲ့ အမျိုးသား

အသက် ၃၀ ပြည့်မွေးနေ့မတိုင်ခင် ကောင်းမွန်တဲ့လုပ်ရပ် အခု (၃၀) ပြီးမြောက်အောင် လုပ်ဆောင်နေတဲ့ အမျိုးသား

ဖေဖော်ဝါရီလမှာ အသက် ၂၉ နှစ်ပြည့်မြောက်ခဲ့တဲ့ ဘာရမ် ဆီလီယားကို့စ်ဆိုသူ အမျိုးသားဟာ အသက် ၃၀ ပြည့်မြောက်တော့မှာမို့ နည်းနည်းတော့ စိုးရိမ်ပူပန်စိတ်ဖြစ်ခဲ့တယ်။

ဒါကြောင့် သူဟာ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင်လုပ်ဖို့ သူ ကျေးဇူးတင်မိတဲ့အရာတွေအားလုံးကို စာရွက်တစ်ရွက်ထဲ ချရေးခဲ့တယ်။

သူ့ဆီ ကြုံလာသမျှ အံ့ဩစရာကောင်းတဲ့အရာတိုင်းက တခြားသူတွေရဲ့ပံ့ပိုးကူညီမှုနဲ့ ရက်ရောမှုတွေကြောင့်ဆိုတာ သူ သိလိုက်ရတယ်။

သူလည်း အခြားသူတွေအပေါ် ပြန်ပေးဆပ်ဖို့အတွက် အသက် ၃၀ မပြည့်ခင် ကောင်းတဲ့လုပ်ရပ် အခု (၃၀) ပြီးမြောက်အောင်လုပ်မယ့် 30 Acts by 30 မစ်ရှင်ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

ပထမဆုံး သူလုပ်ခဲ့တာဟာ ဆန်ဟိုဆေးမြို့က မီးသတ်သမားတွေအတွက် အချိုပွဲပေါင်း ၄၀၀ ကျော်လုပ်ပေးခဲ့တာပါ။

ပြီးတော့ Oakland မြို့က အလယ်တန်းကျောင်းအတွက် စပွန်ဆာကုမ္ပဏီ ၁၈ ခုက လှူဒါန်းတဲ့ ဒေါ်လာ ၁၂၀၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ သင်ထောက်ကူပစ္စည်းတွေကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။

လတ်တလောမှာတော့ သူက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာဝန်ထမ်း (၁၁၈) ဦးအတွက် လက်ဆောင်ပစ္စည်းထုပ်တွေ ပေးဖို့ လုပ်ဆောင်နေပါတယ်။

ဆီလီယားကို့စ်က သူလုပ်တဲ့အရာတွေကို လူမှုကွန်ယက်မှာ မှတ်တမ်းတင်လေ့ရှိပါတယ်။

crd