လက်သေးသေးလေးနဲ့ သူ့ရဲ့အဝတ်တွေကို ကိုယ်တိုင်လျှော်ဖွပ်တတ်နေပြီဖြစ်တဲ့ အသက် 3 နှစ်အရွယ် ကလေးမလေး
ဆင်းရဲတွင်းက ကြီးပြင်းလာတဲ့ ကလေးတွေဟာ လွတ်လပ်ပြီး ရင့်ကျက်မှု အလွန်စောတယ်လို့ ဆိုကြပါတယ် ။
ခက်ခဲတဲ့အခြေအနေများက သူတို့ကိုယ်တိုင် အရာရာတိုင်းကို သူတို့ဘာသာလုပ်ဆောင်ရန် တွန်းအားပေးပါတယ် ။
အသက်မွေးဝမ်းကြောင်းအလုပ်မလုပ်ရရင် အိမ်မှုကိစ္စနဲ့ အလုပ်ရှုပ်နေတာကြတယ် ။မကြာသေးမီက TikTok အကောင့် @diendautv2 ဟာ အလားတူအကြောင်းအရာဖြင့် ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့ပါတယ် ။
ရွာတစ်ရွာမှာ နေထိုင်တဲ့ ၃ နှစ်အရွယ်မိန်းကလေးငယ်ဟာ ငယ်ရွယ်သော်လည်း၊ သူမက အလုပ်မှာ အလွန်ကျွမ်းကျင်ပြီး ညစ်ပတ်တဲ့အဝတ်အစားများကို ကိုယ်တိုင် လျှော်ဖွပ်နေခဲ့တာပါ ။
ဆံပင်တိုဒီကလေးမက အဝတ်တစ်ခုစီကို ဖြန့်ခင်းပြီး အဝတ်အစားတွေကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ဖို့ ဘရက်ရှ်ကို သုံးရမယ်ဆို သိနေပါတယ် ။
ဗီဒိယိုရိုက်တဲ့သူက ကလေးနား ချဉ်းကပ်လာပြီး “အဝတ်လျှော်နေတာလား သမီးလေး ဘာလုပ်နေတာလဲ” လို့မေးတဲ့အခါ
ကလေးမက စက္ကန့်အနည်းငယ်ကြာအောင် မော့ကြည့်ကာ ခေါင်းအနည်းငယ်ငုံ့ပြီး မပြီးသေးတဲ့အလုပ်ကို ဆက်လုပ်လိုက်ပါတယ် ။
ကလေးမလေးက လျှော်ဖွပ်ထားသောအဝတ်အစားများနဲ့ မလျှော်ရသေးတဲ့ အဝတ်များကို ပါးပါးနပ်နပ်ခွဲခြားထားတာကို တွေ့ရပါတယ် ။
သူမရဲ့ လက်သေးသေးလေးနဲ့ အရာရာကို ကျွမ်းကျင်စွာလုပ်ဆောင်တာကို မြင်ရတာကြောင့် ဗီဒီယိုရိုက်ကူးသူက တအံ့တသြ ချီးကျူးနေခဲ့ပါတယ် ။
ငယ်စဉ်က အခက်အခဲများ၊ နားလည်မှု နဲ့ စွမ်းရည်ထက်မြက်မှု စသည်တို့နဲ့ ထိတွေ့နေရတဲ့ ကလေးများဟာ လူကြီးတွေနဲ့ ယှဉ်ရင် သူတို့ရဲ့ အရည်အချင်းက မနိမ့်ပါဘူး ။
crd