ဗဟုသုတ

ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့တဲ့ အသက်ကြီးဆုံးခွေးလေး

ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းဝင်ခဲ့တဲ့ အသက်ကြီးဆုံးခွေးလေး

လော့စ်အိန်ဂျယ်လိစ်မြို့က ခွေးတစ်ကောင်ကို ကမ္ဘာ့အသက်ကြီးဆုံးခွေးအဖြစ် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းကို တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။

ဂျီနိုဆိုတဲ့ အဲဒီခွေးက ချီဟွာဟွာနဲ့ အက်စကီးမိုခွေး (၂) မျိုးစပ်ဖြစ်ပြီး အသက် ၂၂ နှစ်ရှိပါပြီ။

သူ့ရဲ့သခင် အဲလက်စ် ဝုဖ်ဟာ ၂၀၀၂ ခုနှစ်ကကောလိပ်ဒုတိယနှစ်တက်တဲ့အချိန် သူ့ရဲ့အခန်းဖော်နဲ့အတူဂျီနိုကို Humane Society of Boulder Valley တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကနေ ခေါ်ယူမွေးခဲ့တာပါ။

ကျောင်းပြီးသွားတော့ အဲလက်စ်က ဂျီနိုကို ကယ်လီဖိုးနီးယားတောင်ပိုင်းက သူ့အိမ်ကို ခေါ်သွားခဲ့ပြီး အခုအချိန်ထိ အတူတူနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့လက အဲလက်စ်ဟာ ကမ္ဘာ့အသက်အကြီးဆုံးခွေးသေဆုံးတဲ့အကြောင်း အွန်လိုင်းမှာ တွေ့ခဲ့ပါတယ်။

သူ့ရဲ့ခွေး ဂျီနိုက ကမ္ဘာ့အသက်ကြီးဆုံးခွေးများဖြစ်လာနိုင်မလားဆိုပြီး တွေးတောမိခဲ့ပါတယ်။

သူက Humane Society of Boulder Valley မှာ ဂျီနိုကို မွေးစားကတည်းက မှတ်တမ်းတွေများရှိမလားလို့ သိချင်ခဲ့တဲ့အတွက်ဖုန်းဆက်မေးခဲ့ပါတယ်။

တကယ်လည်း သူတို့ဆီမှာ မှတ်တမ်းတွေရှိနေခဲ့ပါတယ်။ ပိုပြီးအံ့ဩစရာကောင်းတာက ဂျီနိုရဲ့မွေးစာရင်းပါ။

အဲဒါက ဂျီနိုဟာ ၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ မွေးဖွားခဲ့တယ်လို့ ပြသနေခဲ့ပါတယ်။

အခုဆို ဂျီနိုက ကမ္ဘာ့ဂင်းနက်စ်စံချိန်ဝင်တဲ့ အသက်အကြီးဆုံးခွေးဖြစ်လာခဲ့ပါပြီ။

crd