ချမ်းသာကြွယ်ဝသောလူတန်းစားအဖြစ် ဟန်ဆောင်ကာ ဟိုတယ်တစ်ခုမှာ တစ်လနီးပါး ဇိမ်ရှိရှိစားသောက်ပြီး အခမဲ့တည်းခိုခဲ့တဲ့ 23 နှစ်အရွယ်ကျောင်းသူ(ရုပ်သံ)
အသက် 23 နှစ်အရွယ် တရုတ်ကျောင်းသူတစ်ဦးက အဆင့်အတန်းမြင့်လူတန်းစားအဖြစ် ဟန်ဆောင်ကာ ဇိမ်ခံစားသောက်ပြီး ပေကျင်းဟိုတယ်မှာ တစ်လနီးပါး အခမဲ့တည်းခိုခဲ့ပါတယ် ။
လူမှုဆေးပညာ Qi ကျောင်းသူ အသက် 23 နှစ်ရှိ Zoe က အမိုက်စား ကလောင်အမည် “Ming Yuan” နဲ့ မြင့်မြတ်တဲ့ မိန်းမပျိုတစ်ဦးအဖြစ် အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ် ။
“Ming Yuan က မင်မြို့အပြင်ဘက် ပေကျင်းရှိ ဇိမ်ခံဟိုတယ်မှာ ၂၁ ရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ် ။
Yuan က အဲ့ဒီ ပေကျင်းဟိုတည်ကို နာမည်ကြီးဒီဇိုင်နာများရဲ့ အဝတ်အစားများအပါအဝင် စိန်လက်စွပ်ကြီးတစ်ကွင်းကို တန်ဖိုးကြီးတံဆိပ်အိတ်များ သယ်ဆောင်လာပြီး ဒါပေမယ့် စိန်လက်စွပ်တွေအားလုံးက အတုတွေပါ ။
ဟိုတယ်ကိုစတင်သွားခဲ့ပြီး Yuan ကို ဝန်ထမ်းတွေက အရမ်းကြိုဆိုခဲ့ပါတယ် ။
ထို့နောက် VIP Lounge မှာ ချက်ခြင်း အနားယူရန် သွားခဲ့ပြီး ထိုနေရာမှာ သုံးရက်နေပြီးနောက် Ming Yuan က ဟိုတယ်မှာ ပြင်ဆင်ထားတဲ့ ဘူဖေးအစားအစာများကို ထုပ်ပိုးပြီး နောက်နေ့စားရန်အတွက် အိတ်ထဲမှာ ထည့်ထားလိုက်ပါတယ် ။
သူမကို ကြွယ်ဝတဲ့အသွင်အပြင်လို့ လူတိုင်းကတော့ ဝိုင်းထင်နေကြတာပါ ။
ဒါ့အပြင် Yuan ကို ယွမ်ငွေ သန်းရာချီတန်တဲ့ လက်ဝတ်ရတနာတွေ စမ်းကြည့်ဖို့ ဖိတ်ခေါ်ခံရပါသေးတယ် ။
နောက်ပိုင်းမှာ Yuan က သူမကိုယ်တိုင်လူလတ်တန်းစား မိသားစုမှ ဆင်းသက်လာကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။
သူ့မိသားစုက အဲ့ဒီတစ်လအတွက် ယွမ် ၃,၅၀၀ ခန့်သာ ပေးပို့ခဲ့ပါတယ် ။
crd