ဗဟုသုတ

ကလေးဘဝ အတိတ်ကအမှားအတွက် ပြန်လည်ပေးဆပ်ခဲ့တဲ့ သူ”The Rock “

ကလေးဘဝ အတိတ်ကအမှားအတွက် ပြန်လည်ပေးဆပ်ခဲ့တဲ့ သူ

မကြာသေးခင်က ဟောလိဝုဒ်လောကရဲ့နာမည်ကြီးမင်းသား ဒွိန်းဂျွန်ဆင်/The Rock ဟာ ကလေးဘဝက သွားလေ့ရှိတဲ့ ဟာဝိုင်အီကစတိုးဆိုင်တစ်ဆိုင်ကို ပြန်သွားလည်ခဲ့ပါတယ်။

အဲဒီဆိုင်ကနေ Snickers ချောကလက်ချောင်းတွေကို ဝယ်ယူခဲ့ပြီး ဆာလောင်မွတ်သိပ်နေတဲ့သူတွေအတွက် အခမဲ့ယူလို့ရအောင် ထားပေးခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ရက်ရောတဲ့လုပ်ရပ်ဖြစ်သလို အတိတ်ကအမှားအတွက် ပြန်ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

သူ့အသက် ၁၄ နှစ်တုန်းကThe Rock ဟာ 7-Eleven စတိုးဆိုင်ကို နေ့တိုင်းသွားလေ့ရှိပြီး Snickers ချောကလက်ချောင်းတစ်ခု ဝယ်ဖို့မတက်နိုင်လို့ King-sized အရွယ် Snickers ကို ခိုးယူခဲ့တယ်။

စတိုးဆိုင်ကောင်တာကဝန်ထမ်းကလည်း နေ့တိုင်းထိုင်နေကျတစ်ယောက်ပဲ။ သူ့ကို အမြဲတမ်း မျက်နှာလွဲထားပြီး အရေးယူတာမျိုးမလုပ်ခဲ့ဘူးလို့ အင်စတာဂရမ်ပို့စ်မှာ ပြန်ပြောပြခဲ့ပါတယ်။

လအနည်းငယ်အကြာမှာ သူနဲ့သူ့မိသားစုက ဟာဝိုင်အီကနေ နှင်ထုတ်ခံခဲ့ရပါတယ် ။ နှစ်တော်တော်ကြာပြီးတဲ့နောက်မှာ နပမ်းသမားဘဝကနေ သရုပ်ဆောင်အဖြစ် ပြောင်းလဲခဲ့တဲ့ The Rock က အောင်မြင်မှုရရှိခဲ့ပါတယ်။

The Rock က ဟာဝိုင်အီကို လာတဲ့အချိန် အတိတ်က အမှားကို ပြင်ဆင်တဲ့အနေနဲ့ အဲဒီဆိုင်ကို ပြန်လာခဲ့ပါတယ်။

စတိုးဆိုင်ရဲ့စင်ပေါ်က ရှိသမျှ Snickers ချောကလက်ချောင်းတွေအားလုံးကို ယူပြီး ပိုက်ဆံရှင်းဖို့အတွက် ကောင်တာပေါ် တင်ခဲ့တာကိုလည်း အင်စတာဂရမ်မှာ မြင်တွေ့ခဲ့ရပါတယ်။

သူက ငွေရှင်းဖို့ စောင့်ဆိုင်းနေတဲ့ အခြားဈေးဝယ်သူတွေအတွက်လည်း ငွေရှင်းပေးခဲ့တဲ့အပြင် ပုံတွေလည်း တွဲရိုက်ခဲ့ပါတယ်။

“ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် မင်းကို လေးစားပါတယ်။ တစ်စုံတစ်ယောက်က Snickers တွေ ခိုးယူဖို့ လုပ်နေတဲ့ပုံပေါ်ရင်သူတို့ကို ဒါတွေပေးလိုက်ပါ။

ဒါမှ သူတို့ မခိုးယူမှာ”လို့The Rock ကစတိုးဆိုင်ဝန်ထမ်းကိုပြောခဲ့ပါသေးတယ်။ပရိသတ်တွေက The Rock ကိုရက်ရောတဲ့လူတစ်ယောက်အဖြစ်သိထားကြပါတယ်။

သူဟာကင်ဆာရောဂါသည်ကလေးတွေကို ပံ့ပိုးပေးတာ၊ မသန်စွမ်းကျောင်းသား/သူတွေကို Surprise လုပ်တာ၊ သူ့ရဲ့ပရိသတ်နဲ့ မိတ်ဆွေကိုလည်း ကားလက်ဆောင်ပေးတာတွေလုပ်ခဲ့ပါတယ်။

crd