အပူဒဏ်ခံနိုင်ဖို့အတွက်ဟုဆိုကာ ကားတစ်စီးလုံးကို နွားချေးတွေအပြည့်ကပ်ခဲ့တဲ့ အမျိုးသမီး
ကျွန်တော်တို့ဟာ ပူပြင်းတဲ့ရာသီဥတုမှာ အေးမြသွား အောင်လုပ်တဲ့ကိုယ်ပိုင်နည်းလမ်းတွေရှိကြပါတယ်။
သို့ပေမဲ့ Sejal Shah အမည်ရှိတဲ့အိန္ဒိယအမျိုးသမီးတစ်ဦးကတော့ သူမရဲ့ကားကို အပူလွန်ကဲခြင်းမှ ကာကွယ်နိုင်ဖို့အတွက်
လူတိုင်း မျှော်လင့်မထားတဲ့အအေးခံနည်းကို အသုံးပြုနေခဲ့ပါတယ်။
ကားမောင်းတဲ့အခါ သူမကားအရမ်းမပူစေဖို့အတွက် နွားချေးတွေနဲ့ ကားတစ်စီးလုံးကို ဖုံးအုပ်ထားခဲ့ပါတယ်။
အဆိုပါကားကို ဆိုင်ကယ်သမားတစ်ဦးက အိန္ဒိယနိုင်ငံ Gujarat မြို့မှာ ကားကို ရွှံ့နဲ့နွားချေးအရောအနှောဖြင့် ဖုံးအုပ်ထားတာကိုတွေ့တော့
social media ပေါ် ချက်ချင်းမျှဝေခဲ့ပါတယ်။ Sejal အား ဘာကြောင့်နွားချေးနဲ့ဖုံးထားရတာလဲလို့မေးတော့ သူမဆီမှာ အကြောင်းပြချက်ကောင်းကောင်းတစ်ခုရှိနေခဲ့ပါတယ်။
နွားချေးတွေနဲ့ ဖုံးထားတဲ့ Toyota Corolla ကားပိုင်ရှင် Sejal က အပူကို အအေးခံချင်တာကြောင့် သူမကားကို အခုလိုလုပ်ပစ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။
“ အပူက အရမ်းပြင်းလာတယ် ၊ ကျွန်မအိမ်အောက်ကို နွားချေးတွေနဲ့အအေးခံထားလို့ ကျွန်မကားကိုလည်း အခုလို လုပ်ခဲ့တာ” လို့ သူမက ဆိုခဲ့ပါတယ်။
သူမရဲ့နွားချေးကားနဲ့ပတ်သက်ပြီး အမျိုးမျိုးသောဂုဏ်ယူစကားနဲ့ ပြက်လုံးတွေကြောင့် Sejal ဟာ စိတ်မသက်သာဖြစ်ခဲ့ရပေမဲ့ သူမစိတ်ခံစားချက်အတိုင်း သူမကားကို အနုစိတ်ဒီဇိုင်းအလှကွက်အချို့ပါ ထည့်သွင်းထားခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံရှိနေအိမ်တွေမှာ အပူအအေးကို ထိန်းညှိစေဖို့ အိမ်နံရံတွေမှာ ကပ်ထားလေ့ရှိသလို မြေဩဇာအဖြစ်လည်း အသုံးပြုလေ့ရှိကြပါတယ်။
သူမရဲ့အကြံက ကောင်းတယ်လို့ ထင်ပါသလား။စာဖတ်သူတို့ကော ဘယ်လိုထင်မိပါသလဲ။
crd