ဖြတ်သန်းစီးဆင်းလာတဲ့မြစ်ရဲ့အလှကို တစ်ဝကြီးခံစားနိုင်သလို အမိုက်စားဝန်ဆောင်မှုနှင့်အတူ တည်းခိုနိုင်မဲ့ မြို့လယ်ခေါင်ရှိဇိမ်ခံသစ်ပင်အိမ်
ဒီရူးသွပ်ဖွယ်ကောင်းတဲ့ ဇိမ်ခံသစ်ပင်အိမ်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး Virgin Holidays မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
၎င်းရဲ့အမြင့်ဟာ 35 ပေရှိပြီး London မြို့ကိုဖြတ်သန်းစီးဆင်းတဲ့ Thames မြစ်ကိုကောင်းစွာမြင်တွေ့နိုင်ပါတယ်။
သို့ပေမဲ့ ထိုနေရာမှာတည်းခိုနိုင်ရန် ရွေးချယ်ခံရတဲ့ ကံကောင်းသူ အနည်းငယ်ထဲမှ တစ်ဦးသာဖြစ်ရပါမယ်။
Virgin Holidays ပြိုင်ပွဲကိုအနိုင်ရရှိသူများကသာ ထိုဇိမ်ခံသစ်ပင်အိမ်မှာ တစ်ညတာတည်းခိုခွင့် ပေးမှာဖြစ်ပါတယ်။
ထို့ပြင် သင့်အားအပန်းဖြေအနားယူရန်နှင့် ပျော်ရွှင်စွာနေထိုင်နိုင်ရန် ကူညီပေးဖို့ ဝန်ထမ်းများလည်းရှိပါတယ်။
အတွင်းခန်းကိုတော့ Hubert Zandberg က ဒီဇိုင်းထုတ်ထားပြီး ၎င်းဇိမ်ခံသစ်ပင်အိမ်မှာ စိတ်ကြိုက်အိပ်ခန်းနှစ်ခန်းပါရှိသလို
လှပတဲ့ Thames မြစ်ကိုရူမြင်နိုင်တဲ့ လသာဆောင်ရှုခင်းများက London’s Southbank မှာ မယုံနိုင်လောက်အောင် အလုံးစုံတဲ့နေရာများကို မီးမောင်းထိုးပြနေပါတယ်။
အပြင်မှာ စည်ကားနေတဲ့ မြို့ကြီးပြကြီးတွေနဲ့တောင်မှ ဒီနေရာတစ်ခုလုံးကနေ ထူးခြားဆန်းပြားတဲ့အငွေ့အသက်ကို တကယ်ခံစားရစေမှာ အမှန်ပါဘဲ။
သို့ပေမဲ့ ဒီတပ်ဆင်မှုက ဤနေရာမှာ တစ်ပတ်သာရှိမှာဖြစ်ပါတယ်။
၎င်းဇိမ်ခံအိမ်ရဲ့အခြားထူးခြားချက်မှာ Masterchef contestant Petrus Madutlela မှ ပြင်ဆင်ထားတဲ့ မီနူး 6 မျိုးဖြစ်တဲ့ အင်ဒူဂျာမေယိုပါသောတန်ပူရာဟင်းလျာများ၊
ငှက်ကုလားအုတ်အသားခြောက် ၊ မိကျောင်းစဉ်းကောပြုတ်၊ ဆိတ်သားအသားလွှာများနှင့်အခြားသော ထူးခြားဟင်းလျာများလည်း
ပါဝင်ပါတယ်။ဒီနေရာမှာတည်းခိုရန်အတွက် ကံထူးရှင်များထဲမှ တစ်ဦးဖြစ်ရခြင်းက တကယ်ကို အံ့ဩဖွယ်ကောင်းနေပါလိမ့်မယ်။
သီးသန့်ထူးခြားမှုမှ၊ အံ့သြဖွယ်အပြင်အဆင်၊ မယုံနိုင်စရာမြင်ကွင်းများနှင့် မီနူး 6 ခုစာအထိ၊စတဲ့ ဝန်ဆောင်မှုတွေကြောင့် တစ်ညတာ သင်ဘယ်တော့မှမထွက်ခွါချင်စရာနေရာတစ်ခုဖြစ်သွားနိုင်ပါတယ်။
အခန်းများရဲ့ အပြင်အဆင်နှင့် ခံစားမှုတစ်ခုလုံးကလည်း သင့်အား တောင်အာဖရိကသို့ခရီးထွက်ချင်သွားအောင် လှုံ့ဆော်ပေးနိုင်ပါသေးတယ်။
crd