ဗဟုသုတ

“ပင်လယ်ထဲမှာ သေဆုံးသွားတဲ့ သခင်ဖြစ်သူ ပြန်လာလေမလားလို့ ကမ်းခြေမှာ နေ့တိုင်းလာစောင့်နေလေ့ရှိတဲ့ သစ္စာရှိခွေးလေး

ခွေးနဲ့လူသားတို့ကြားက သံယောဇဉ်နဲ့ချစ်ခြင်းမေတ္တာတရားတွေအကြောင်းဇာတ်လမ်းတွေအများကြီးကြားဖူးကြပါတယ်။

သေဆုံးသွားပြီဖြစ်တဲ့သခင်ဖြစ်သူပြန်အလာကို ပီရူးကမ်းခြေတစ်ခုမှာ စောင့်ဆိုင်းနေတဲ့ ခွေးလေးတစ်ကောင်ရဲ့အကြောင်းကလည်း လူမှုကွန်ယက်အသုံးပြုသူတွေကို ရင်ထဲထိစေခဲ့ပါတယ်။

တွစ်တာအသုံးပြုသူ ဂျူလီမယ်ဂျီအာဆိုသူဟာလီမာမြို့ရဲ့ Punta Negra ခရိုင်ကဒေသခံတွေကြား “ဗာကွေတို”လို့သိကြတဲ့ခွေးလေးကိုသူ့မိသားစုနဲ့အတူ ကမ်းခြေမှာ လမ်းလျှောက်ရင်း မြင်ခဲ့တာပါ။

အစက ဂျူလီဟာ သူ့သခင်ရဲ့နောက်မှာ ဗာကွေတို ကျန်ရစ်ခဲ့တယ်ထင်ပြီး သူ့သခင်တွေပြန်လာခေါ်တဲ့အထိ အဖော်ပြုနေပေးခဲ့တယ်။

ဗာကွေတိုကစွန့်ပစ်ခံထားရတဲ့ပုံလည်းမပေါ်ဘူး။ သန့်ရှင်းနေတာပါပဲ။

ဂျူလီတို့ ဗာကွေတိုကို အဖော်ပြုစောင့်ပေးနေရင်း​တော်တော်ကြာတဲ့အထိဘယ်သူမှ ရောက်မလာခဲ့ဘူး။

ခဏနေတော့ Punta Negra ဒေသခံတစ်ယောက်က ဂျူလီဆီ လာပြီး ဗာကွေတိုရဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

ဗာကွေတိုက တံငါသည်တစ်ဦးနဲ့ နေထိုင်ခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်တော်တော်ကြာက သူ့သခင် ပင်လယ်ထဲမှာ သေဆုံးသွားခဲ့တယ်။

အဲဒီကတည်းက ခွေးလေးက ဒီနေရာကို နေတိုင်းလာပြီး ပင်လယ်ကို ကြည့်တယ်။

သူ့သခင်သေသွားတော့ ဒေသခံအမျိုးသမီးတစ်ဦးက ဗာကွေတိုကို ခေါ်မွေးခဲ့တယ်။

အခြားသူတွေကလည်း ကူညီစောင့်ရှောက်ပေးကြတယ်။ စောင့်ရှောက်ပေးတဲ့သူရှိပေမဲ့လည်း ဗာကွေတိုက ကမ်းခြေကို နေ့တိုင်းလာပြီး ပင်လယ်ကို ကြည့်ကာ သေသွားတဲ့သူ့သခင်ကို စောင့်နေတုန်းပါပဲ။

ဂျူလီတို့မိသားစုလည်း ဗာကွေတိုကို အဖော်ပြုပေးရင် ညနေရောက်တာနဲ့ သူ့ကို ထားခဲ့ပြီး ပြန်လာခဲ့ပါတော့တယ်။ ဗာကွေတိုကတော့ ပင်လယ်ကို ကြည့်နေရင်း ကျန်နေခဲ့ပါတယ်။

crd